Connect with us

Hi, what are you looking for?

News

သောင်းရင်းမြစ်ကမ်းနား​နေသူ​တွေ ​ရေအတက်သတိ​ပေးထား

ဒီကနေ့မနက် မြ၀တီသောင်ရင်းမြစ် ရေထပ်တိုးလာတယ် ။ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေသူတွေ သတိပြုကြဖို့ပါပဲ” လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေ ထပ်တက်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေသူတွေ အထူးသတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထပ်မံ အသိပေးထားပါတယ်။

သောင်ရင်းမြစ်ဟာ မြ၀တီမြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲတိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေတာပါ။

နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေရာတွေမှာ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။

“ဒီကနေ့မနက် မြ၀တီသောင်ရင်းမြစ် ရေထပ်တိုးလာတယ် ။ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေသူတွေ သတိပြုကြဖို့ပါပဲ” လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မြ၀တီမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စိုးရိမ်ရေမှတ်ထက် ၁၀ ခွဲကျော် ကျော်လွန်ရောက်ရှိပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် ရေဘေးသင့်သူ ထောင်ချီခန့်ရှိနေပြီး ရေဘေးရှောင်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။

သတင်း

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

သတင်း

ယခုမုန်တိုင်းသည် Mocha အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အိန္ဒိယမိုးလေဝသဌာနကလည်း မုန်းတိုင်းသတိပေးချက်များ နေ့စဉ် ထုတ်ပြန်နေသည်။