Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့်ပခုက္ကူနယ်စပ်တွင်စစ်ကောင်စီတပ်ကားနှစ်စီးကို ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ကားနှစ်စီးအားပဒေသာမိုင်းများဖြင့်နေရာ ၂ ရာတွင် တိုက်ခိုက်ခဲ့ရာကား ၁စီးပက်လက်လန်သွားပြီး ၁ စီး ဆိုးရွားစွာပျက်စီးသွားကြောင်း၊ အများအပြား ထိခိုက်သေဆုံးနိုင်ပြီး သတင်းအတိအကျ စုံစမ်းဆဲဖြစ်ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

မြိုင်နှင့်ပခုက္ကူနယ်စပ်တွင်စစ်ကောင်စီတပ်ကားနှစ်စီးကို ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူနယ်စပ်တွင်စစ်ကောင်စီတပ်ကားနှစ်စီး အားပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မေလ ၃၁ရက်)နံနက် ၁၀နာရီ ၅၅ မိနစ်ခန့်က မြိုင်မြို့နယ်-ပခုက္ကူမြို့နယ်အစပ်ကျောက်စရစ်ကန်နှင့် သစ်ပင်ကြီးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ကားနှစ်စီးအားပဒေသာမိုင်းများဖြင့်နေရာ ၂ ရာတွင် တိုက်ခိုက်ခဲ့ရာကား ၁စီးပက်လက်လန်သွားပြီး ၁ စီး ဆိုးရွားစွာပျက်စီးသွားကြောင်း၊ အများအပြား ထိခိုက်သေဆုံးနိုင်ပြီး သတင်းအတိအကျ စုံစမ်းဆဲဖြစ်ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

ဇွန်လ ၂ ရက်နေ့မှ စတင်ကာ မြိုင်မြို့နယ်အတွင်းဆီဘောက်ဆာယာဥ်များအားလုံခြုံရေးအရ မောင်းနှင်ဖြတ်သန်းခွင့် တားမြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မေလ ၂၇ ရက်နေ့က မြိုင်မှ ကိုင်းတောမသို့ ထွက်လာသောစစ်ကြောင်းနှင့် ပခုက္ကူမှကိုင်းတောမဘက်သို့လာသောစစ်ကြောင်း အင်အား ၃၀၀ ခန့်ပါသောစစ်ကြောင်း နှစ်ခုပေါင်းဆုံစဥ် ပေပါမိုင်း၂လုံး၊ မိုင်း၇လုံးဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။