Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းများစွာဖြင့် ပြည်သူနှင့်ပူး​ပေါင်းသော တပ်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ပြည်သူ့ပန်းတိုင်က ကျပ် ၃၂ သိန်းဂုဏ်ပြုချီးမြှင့်

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။

ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

ကချင်ဒေသတွင် လက်နက်ခဲယမ်းများစွာဖြင့် ပြည်သူ့ဘက်ရပ်တည်လာခဲ့သော စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ပြည်သူ့ပန်းတိုင်က ငွေကျပ် ၃၂ သိန်း ဂုဏ်ပြုချီးမြှင့်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။

 ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

၎င်းတို့သည် MA-2 သေနတ်တစ်လက်၊ MA-3 သေနတ်တစ်လက်၊ MA-5 ပစ္စတိုသေနတ်အတိုတစ်လက်အပါအဝင် ခဲယမ်းများစွာဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များအောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် ကချင် လွတ်မြောက်နယ်မြေ စခန်းတစ်ခု၌ လက်နက်ဖြင့် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ထားသူ ၁၁ ဦးခန့်ရှိနေသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါပြည်သူ့ဘက်ရပ်တည်လာသူများကို ဂုဏ်ပြုထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ထပ်မံ၍ ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့https://www.facebook.com/myanmarspring2022/ ကိုယုံကြည်စွာဆက်သွယ်
မေးမြန်း တိုင်ပင်နိုင်ကြောင်းထုတ်ပြန်သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် NUG-MOD ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၊ တော်လှန်ရေးအင်းအားစုများဖြင့် သက်ဆိုင်ရာတိုင်းဒေသအလိုက် ပူးပေါင်းကူညီဆောင်ရွက်နေသည်။

ထိုအပြင်ပြည်သူနှင့်ပူး​ပေါင်းလာ​သူများအတွက်လည်း ပြည်သူများအနေဖြင့် ဂုဏ်ပြုထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့သို့ ဆက်သွယ်နိုင်​ကြောင်းလည်း​ဖော်ပြထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​​သောစစ်သားနှစ်ဦးယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများနှင့် ၎င်းတို့နှစ်ဦးကိုဂုဏ်ပြု​ငွေ​ပေးအပ်​နေစဥ်။ ။ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်