Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မီးရှို့လို့မြိုင်မှ ​အိမ်မရှိ​တော့တဲ့ မီးသင့်ပြည်သူ​တွေကို​တော်လှန်​ရေးအဖွဲ့ ကသွား​ရောက်လှူဒါန်း

လက်ယက်မကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် MVRF ရဲ့ အဖွဲ့ဝင်ကျေးရွာများက ဆန်၊ဆီ၊ဆား၊ဝါး၊အဝတ်အထည်၊ပန်းကန်၊ဆပ်ပြာ၊အသင့်စားအစားအစာများကို လှူဒါန်းပေးခဲ့ကြတယ်လို့ MVRF က ပြောပါတယ်။

(မီး​​ဘေးသင့်ပြည်သူများအတွက် အကူအညီများပို့​ပေး​နေစဥ် ။ ။ဓါတ်ပုံ-MVRF)
(မီး​​ဘေးသင့်ပြည်သူများအတွက် အကူအညီများပို့​ပေး​နေစဥ် ။ ။ဓါတ်ပုံ-MVRF)

မကွေးတိုင်း၊မြိုင်မြို့နယ်ကစစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ အိမ်ပေါင်းရာချီ မီးလောင်ကျွမ်းပျက်စီးခဲ့ရတဲ့ လက်ယက်မကျေးရွာကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF အဖွဲ့က စားနပ်ရိက္ခါနဲ့ အသုံးအဆောင်တွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

လက်ယက်မကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် MVRF ရဲ့ အဖွဲ့ဝင်ကျေးရွာများက ဆန်၊ဆီ၊ဆား၊ဝါး၊အဝတ်အထည်၊ပန်းကန်၊ဆပ်ပြာ၊အသင့်စားအစားအစာများကို လှူဒါန်းပေးခဲ့ကြတယ်လို့ MVRF က ပြောပါတယ်။

“အခက်အခဲတွေကြားထဲကပဲကြိုးစားပြီးအတူတူဖေးမကူညီသွားနေရတာပါ”လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မေလအတွင်းက မြိုင်မြို့နယ်က ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လက်ယက်မကျေးရွာကို မေလ ၁၄ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အိမ်ပေါင်း ၅၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။