Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ကျောင်းသားPDFနှစ်ဦးကိုဖမ်းဆီးပြီးစစ်ကောင်စီတပ်ပစ်သတ်ဟုကျောက်ပန်းတောင်းPDF ထုတ်ပြန်

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဟိန်း​ဇေယျာဖြိုး
ဟိန်း​ဇေယျာဖြိုး

ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲကျေးရွာနေ မြင်းခြံ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ဖြစ်သောအသက် ၂၁နှစ်အရွယ် ကိုဟိန်းဇေယျာဖြိုး နှင့် အသက် ၂၀ အရွယ် ကိုဟိန်းဇေယျာဦးတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အဆိုပါ လူငယ် နှစ်ဦးကို ဇွန်လ ၁ရက်တွင် လက်ပံပျားရဲစခန်းက ဖမ်ဆီးသွားပြီးနောက်ဇွန်လ ၃ရက်တွင် ရဲစခန်းက တပ်မ ၉၉ ထံ လွှဲပြောင်းပေးခဲ့ရာ ယနေ့ (ဇွန်လ ၄ရက်) နံနက် အစောပိုင်း စစ်ကြောရေးစခန်းတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။ စစ်ကြောရေးစခန်းတွင် ဟိန်းဇေယျာဦး၏ ဦးခေါင်းအား သေနတ်ဖြင့်တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးအား သေနတ်ဖြင့်ပစ်ခတ်ကာ သွေးထွက်လွန်၍ ကျဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ဟိန်း​ဇေယျာဦး
ဟိန်း​ဇေယျာဦး

ဖမ်းဆီးသတ်ဖြတ်ခံရ​သောလူငယ်နှစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၂ မှ ရဲဘော်များဖြစ်ပြီးဖမ်းဆီးခံရစဉ်အတွင်းအကြမ်းဖက်စစ်ကောင်စီ၏ နှိပ်စက်ညှင်းပန်းမှုများကို ကြံ့ကြံ့ခံကာ သစ္စာရှိရှိ ရဲဝံ့စွာ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ကြကြောင်း ဖော်ပြထားသည်။

ကျဆုံးသွားသောရဲဘော်နှစ်ဦးအား ယနေ့ နေ့ခင်းသုံးနာရီ အချိန်တွင် မိဘဆွေမျိုး များအား အသိပေးကြောင်းကြားမှုမပြုဘဲ မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ ရဲဘော်ဟိန်းဇေယျာဖြိုးနှင့် ဟိန်းဇေယျာဦးတို့၏ သစ္စာရှိရဲဝံ့စွာတိုက်ပွဲဝင်ခဲ့မှုအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ များအားလုံးက အာဇာနည်များအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုပြီး ဝမ်းနည်းကြေကွဲပူဆွေးလျက်ရှိကြကြောင်း ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်သွားမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် စနစ်ပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရောက်ရှိသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကျောက်ပန်းတောင်း PDFက ထုတ်ပြန်သည်။

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

​မေလ ၃၁ ရက်က​ကျောက်ပန်း​တောင်းမြို့ ​လျှော်​​တော​ကျေးရွာမှ စစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးလင်မယားကိုPKG ​ကျောက်ပန်း​တောင်းအဖွဲ့က ​သုတ်သင်ရှင်းလင်းခဲ့သည်။အုပ်ချုပ်​ရေးမှူးကို​သေနတ်ဖြင့် ပစ်​ခတ်ရှင်းလင်းရာဇနီးဖြစ်သူက ခုခံသဖြင့်၎င်းကိုပါ မလွှဲမ​ချောင်သာရှင်းလင်းခဲ့ရ​ကြောင်း PKG ​ကျောက်ပန်း​တောင်းကအသိ​ပေးသည်။အုပ်ချုပ်​ရေးမှူးလင်မယားအသတ်ခံရပြီး​နောက် စစ်​ကောင်စီတပ်ကားများကလာ​ရောက်ပြီး ​ဒေသခံ၂၀ ဦး​ခန့်ကိုဖမ်းဆီးပြီး ​လျှော်​တောရွာရှိတဲအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့​ကြောင်း​သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။