Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်ရှိ ကိုင်းမ​ကျေးရွာကို စစ်ကောင်စီတပ်က ယ​နေ့နံနက် မီးရှို့ဖျက်ဆီး​နေ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုင်းမ​ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁၀နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

အိမ်ခြေ ၃၀၀ခန့်ရှိသည့် ကိုင်းမရွာကို ယမန်နေ့(ဇွန် ၄ရက်)ညက စစ်ကြောင်းထိုးပြီးနောက် ယနေ့ (ဇွန် ၅ ရက်)နံနက်တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်နေတာ။ ရွာခံတွေ ထွက်ပြေးနေကြရတယ်။ လက်နက်သာ ရှိနေရင် ကောင်းမှာဗျာ။ရသလောက် ကူညီကြပါ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြော သည်။

Public Service Announcement

ကိုးတောင်ဘို့ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ၂ရက်ကတည်းက စစ်ကောင်စီသည် စစ်ကြောင်းထိုးမွှေနှောက်နေခြင်း ဖြစ်သည်။ ဇွန်လ ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ မီးရှိူ့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရေသေးသော်လည်း ဇွန်လ ၂ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် အရပ်သားသုံးဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာပြီး ကန့်ဘလူ – နတ်အင်း- စံပယ်နံ့သာလမ်း​ကြောတ​စ်လျှောက် အကြမ်းဖက်စစ်​ကောင်စီတပ်သား ၂၅၀ဝန်းကျင် တပ်ချထားကြောင်း၊ ဖုန်းလိုင်းများလည်း ဖြတ်​တောက်ထား၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသတွင်း သတင်း​များ​ဖော်ပြ​ပေး​နေသည့် Infinity Group က သတ််ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။