Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် နတ်​ချောင်းရွာကိုငါးကြိမ်​မြောက်ဖျက်ဆီး

နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာ​ရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)

ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ကငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားပြီးဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ဆဲဆိုထားသည့် စာများလည်း အိမ်နံရံများတွင်ရေးသား ကြိမ်းမောင်းသွားခဲ့သည်။

နတ်ချောင်းရွာကိုမေလ ၃၁ရက်မှ ဇွန်လ ၄ရက်အတွင်း စစ်ကောင်စီတပ်ကထပ်မံ မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တိုက်အိမ်ကြီးအချို့အပါအဝင် နေအိမ် ၄၆လုံးမီးထဲပါသွားခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများကပြောသည်။

“ဒါနဲ့ဆို ငါးကြိမ်မြောက်မီးရှို့တာပဲ။ စစ်ကောင်စီအမျိုးတွေရဲ့ အိမ်တွေလည်း မီးထဲပါတာပဲ။ ခဏခဏ မီးရှို့ခံရလို့ အိမ်မီးထဲပါတာတောင်ဝမ်းနည်းရမှန်းမသိတော့ပါဘူး” ဟု နတ်ချောင်းရွာခံအမျိုးသမီးတစ်ဦးကပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)

မီးရှို့ပြီးနောက် ပျက်စီးနေသည့် တိုက်အိမ်အချို့မှ နံရံများတွင် ညစ်ညမ်းသော အသုံးအနှုံးများဖြင့် ခြိမ်းခြောက်စာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကရေးသွားခဲ့သည်ဟုလည်း​ဒေသခံများက​ပြောသည်။ အကြမ်းဖက်စစ်တပ်သည်နိုင်ငံတစ်ဝန်း ၎င်းတို့အားပြင်းပြင်းထန်ထန်ခုခံတွန်းလှန်စစ်ဆင်နွှဲ​နေ​သော PDF များကို အညှိုးအ​တေးထား​သော်လည်း နတ်​ချောင်းရွာတွင်ဖျက်ဆီးသွား​သော စစ်တပ်သည် PDF ကို စလုံး​ပေါင်းမှန်​အောင်မ​ရေးနိုင်ဘဲ PTS ဟု​ရေးသွားသည်ကိုလည်း​တွေ့ရသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)

နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာ​ရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။

“ထွက်ပြေးနေရတုန်းပဲ။ အိမ်ပြန်လို့မှမရဘဲ။ စိတ်ကူးပေါက်တိုင်း မီးလာရှို့နေတာဆိုတော့ ဘယ်ပြန်ရဲတော့မလဲ”ဟုဒေသခံတစ်ဦးကပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်​ကောင်စီတပ်က နတ်ချောင်းရွာမှ ပြည်သူ့​နေအိမ်များကို ငါးကြိမ်​မြောက်ဖျက်ဆီးထားစဥ် ။ ။ဓါတ်ပုံ-CJ)

နတ်ချောင်းရွာသည် အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး ကလေးမြို့နယ်နှင့် ချင်းတောင်ဒေသကို ဆက်သွယ်ရာတွင်အချက်အချာကျသည့် ရွာကြီးဖြစ်သည်။ စစ်ကောင်စီက အညိုးတကြီး ဖျက်ဆီးနေသော်လည်း လတ်တလောကြုံတွေ့နေရသော အခက်အခဲများကို တော်လှန်ရေးအောင်မြင်သည်အထိ တောင့်ခံသွားမည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook