Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းစခန်းတစ်ခုသို့သွားရောက်ကာ PDF ရဲဘော်များကို အားပေး

ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်
ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုကို သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲဘော်များကို သွားရောက်ခဲ့ ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်
ရှေ့တန်းစခန်းသိူ့သွားရောက်ခဲ့သော NUG ပြည်ထောင်စုဝန်ကြီးချုပ်

NUG ပြည်ထောင်စုဝန်ကြီးချုပ်သည် ဇွန်လ ၇ ရက်တွင် ရှေ့တန်းစစ်စခန်းတစ်ခုကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ နွေဦးတော်လှန်ရေးကို အနိုင်ရရှိအောင် တိုက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူငယ်များသည် အေးချမ်းစွာ ပညာသင်ကြားနေကြရမည်ဖြစ်သော်လည်း တိုင်းပြည်လိုအပ်နေချိန်တွင် ရှေ့တန်းထွက်ကာ ပါဝင်လာကြ၍ လွန်စွာလေးစားကြောင်းနှင့် CDM တွင်ပါဝင်လာသူ ဝန်ထမ်းများသည်လည်း လက်ရှိအချိန်အထိ တောင့်ခံပေးထားကြသည်မှာ လွန်စွာလေးစားဖွယ် ဖြစ်ကြောင်း မန်းဝင်းခိုင်းသန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယာယီသမ္မတ ဒူဝါလရှီးလသည်လည်း ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်ရဲဘော်များကို မေလ ၂၄ ရက်တွင် သွားရောက် ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။