Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်း ခြိမ်းခြောက်ခံရသဖြင့် အမေရိကန်က လုံခြုံရေးတိုးမြှင့်ထား

“ခြိမ်းခြောက်မှုအချို့ရှိနေတယ်လို့သိရပါတယ်။ ရဲက အဲဒီအပေါ် လုပ်ဆောင်နေပါပြီ။ လိုအပ်တဲ့လုံခြုံရေးကိုလည်း ရဲကပေးထားပါတယ်”လို့ ဦးကျော်မိုးထွန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ခြိမ်းခြောက်မှုတစ်ခုရှိပြီး သူ့ရဲ့လုံခြုံ ရေးအတွက် အမေရိကန်အာဏာပိုင်တွေက အဆင့်မြှင့်ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံအစိုးရကို ကိုယ်စားပြုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ကုလစင်မြင့်ကနေ ကြေညာခဲ့သူပါ။

လက်ရှိအချိန်အထိ ကုလသမဂ္ဂဟာ သူ့ကို မြန်မာအမြဲ တမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ် သတ်မှတ်ထားပြီး အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

“ခြိမ်းခြောက်မှုအချို့ရှိနေတယ်လို့သိရပါတယ်။ ရဲက အဲဒီအပေါ် လုပ်ဆောင်နေပါပြီ။ လိုအပ်တဲ့လုံခြုံရေးကိုလည်း ရဲကပေးထားပါတယ်”လို့ ဦးကျော်မိုးထွန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ခြိမ်းခြောက်မှုရှိတယ်ဆိုတာကို ​သြဂုတ် ၃ ရက်က သိရှိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ်အချက်အလက်တွေကို ထပ်မံမသိရသေးဘဲ FBI ကလည်း မှတ်ချက်မပြုသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဦးကျော်မိုးထွန်းရဲ့ ကာကွယ်ရေးအစီအမံတွေကို အသေး စိတ်ပြောကြားလို့ မရဘူးလို့ မှတ်ချက်ပေးပါတယ်။

အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေနဲ့ တစ်သား တည်းရပ်တည်တဲ့ ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်သူအဖြစ်သတ်မှတ်ကာ အလုပ်ထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။