နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ခြိမ်းခြောက်မှုတစ်ခုရှိပြီး သူ့ရဲ့လုံခြုံ ရေးအတွက် အမေရိကန်အာဏာပိုင်တွေက အဆင့်မြှင့်ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံအစိုးရကို ကိုယ်စားပြုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ကုလစင်မြင့်ကနေ ကြေညာခဲ့သူပါ။
လက်ရှိအချိန်အထိ ကုလသမဂ္ဂဟာ သူ့ကို မြန်မာအမြဲ တမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ် သတ်မှတ်ထားပြီး အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။
“ခြိမ်းခြောက်မှုအချို့ရှိနေတယ်လို့သိရပါတယ်။ ရဲက အဲဒီအပေါ် လုပ်ဆောင်နေပါပြီ။ လိုအပ်တဲ့လုံခြုံရေးကိုလည်း ရဲကပေးထားပါတယ်”လို့ ဦးကျော်မိုးထွန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ခြိမ်းခြောက်မှုရှိတယ်ဆိုတာကို သြဂုတ် ၃ ရက်က သိရှိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
အသေးစိတ်အချက်အလက်တွေကို ထပ်မံမသိရသေးဘဲ FBI ကလည်း မှတ်ချက်မပြုသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဦးကျော်မိုးထွန်းရဲ့ ကာကွယ်ရေးအစီအမံတွေကို အသေး စိတ်ပြောကြားလို့ မရဘူးလို့ မှတ်ချက်ပေးပါတယ်။
အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေနဲ့ တစ်သား တည်းရပ်တည်တဲ့ ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်သူအဖြစ်သတ်မှတ်ကာ အလုပ်ထုတ်ထားပါတယ်။
