Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေ တောင်ကြာအင်းရွာရှိ စာသင်ကျောင်းကို ရပ်ရွာကဖွင့်လိုသော်လည်း စစ်ကောင်စီတပ် နေရာဖယ်မပေး၍ ဘုန်းကြီးကျောင်း၌ပြောင်းရွှေ့ သင်ကြားနေရ

ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။

တောင်ကြာအင်းရွာရှိ စာသင်ကျောင်း
တောင်ကြာအင်းရွာရှိ စာသင်ကျောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ အထက် တန်းကျောင်းကို ရပ်ရွာက ကျောင်းဖွင့်လိုသော်လည်း အဆိုပါကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖယ်မပေး၍ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့စာသင်နေရကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီ၏ စကခ (၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၌ တပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောင်း၏ တာဝန်ရှိသူနှင့် ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများသည် ကျောင်းဖွင့်ရန် ခမရ (၅၄၆)တပ်ရင်းနှင့် သွားရောက်ဆွေးနွေးခဲ့ရာ ၎င်းတို့က ကျောင်းမှဖယ်ရှားပေးပြီး ပျက်ဆီးသွားသော ကျောင်းဆောင်များကို ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေအပတ်တိုင်း လာရောက်ပြုပြင်ပေးသွားမည်ဟု ပြောဆိုခဲ့သော်လည်း ကျောင်းဖွင့်မည့် ဇွန်လ ၇ ရက်တွင် ကျောင်းမှမဆုတ်ခွာပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျောင်းဆရာများနှင့် ရွာသူ၊ရွာသားများက ကျောင်းသုံးပစ္စည်းများသွားရောက် သယ်ယူရာတွင် ကျောင်းပေါ်သို့ တက်ခွင့်မပြုဘဲ ကျောင်းအပြင်၌သာ ၎င်းတို့၏ လက်ဆင့်ကမ်းမှုဖြင့် ယူဆောင်ခဲ့ရကြောင်း ကျောင်းဆရာတစ်ဦး၏ ပြောကြားချက်ကို ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အထက်တန်းကျောင်းသည် Covid-19ကပ်ရောဂါကာလမှ စစ်အာဏာသိမ်း ကာလတစ်လျှောက် ပိတ်ထားခဲ့ရသည်မှာ ၂နှစ်ရှိပြီ ဖြစ်ပြီး ၂၀၂၂ မေလ ၃၁ ရက်တွင် ကျောင်းအပ်လက်ခံခဲ့ရာ KG မှ Grade 11 အထိ ကျောင်းသားဦးရေ ၁၅၇ဦး အပ်နှံထားသည်ဟုဆိုသည်။

ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကမူ တပ်ဆွဲထားသည်ကို ဖယ်မပေးသည့်အပြင် အင်အားများ ထပ်မံတိုးချဲ့လာကြောင်း ဒေသခံ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အဆိုပါ တောင်ကြာအင်းစံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား မတ်လနှင့် ဧပြီအတွင်းက တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook