Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်းကြေညာခြင်းမှာ စစ်ရေးဘောင်ပိုကျယ်လာစေနိုင်ဟု PPST ပြော

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာနှင့် ပြည်တွင်းက အသိအမှတ်ပြုထား ပြီးဖြစ်ကြောင်း PPST ပြောရေး ဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း စစ်ကောင်စီက တစ်ဖက်သတ်ကြေညာ၍ ဖျက်သိမ်းခဲ့ခြင်းသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြီးစွာသော အဟန့်အတားဖြစ်စေသောလုပ်ရပ်ဖြစ်သည်ဟု NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက် ကိုင်ဆယ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ကြေညာချက်ထုတ်ပြန်သည်။

ဩဂုတ် ၄ရက်နှင့် ၅ရက်တွင် ကျင်းပခဲ့သည့် PPST အစည်းအဝေးအပြီးတွင် ယင်းသို့ ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာနှင့် ပြည်တွင်းက အသိအမှတ်ပြုထား ပြီးဖြစ်ကြောင်း PPST ပြောရေး ဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“အဲဒီအပေါ်မှာမူတည်ပြီး ကျွန်တော်တို့ PPST အနေနဲ့က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို အသိ အမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခုလို ပယ်ဖျက်ကြောင်း ကြေညာတာဟာ စစ်ကောင်စီက ဒီလို ပယ်ဖျက်လိုက်တာဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီကူးအသွင်ကူးပြောင်းမှုဖြစ်စဉ် နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်ကို နောက် ဆုတ်သွားစေတယ်လို့ ကျွန်တော်တို့အနေနဲ့ ရှုမြင်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် နိုင်ငံရေးဘောင်ကျဉ်းသထက်ကျဉ်းပြီး စစ်ရေးဘောင် ပိုကျယ်လာမည်ကို အထူးစိုးရိမ်သည်ဟုလည်း ၎င်းက ဆိုသည်။

PPST အစည်းအဝေး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကြပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအထူးသံတမန်ခန့်အပ်ခြင်းကို ကြိုဆိုကြောင်း နိုင်ငံတကာကြားဝင်စေ့စပ်ဖျန်ဖြေခြင်းများအား နိုင်ငံ၏ လက်ရှိ ပကတိ အခြေအနေနှင့် လိုက်လျော ညီထွေ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

“ PPST အနေနဲ့လည်း NCA အသိသက်သေနိုင်ငံတွေပေါ့ ကုလသမဂ္ဂတို့ EU တို့အပါအဝင် NCA အသိသက်သေနိုင်ငံတွေနဲ့ ကြားဝင်စေ့စပ်နိုင်ရေးကို ၀ိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။သို့သော်လည်းပဲ နိုင်ငံတကာမှာလည်း သူ့အကျိုးစီးပွားနဲ့ သူလုပ်ကြတာ ဖြစ်တဲ့အတွက် အာဆီယံရဲ့ ဆုံးဖြတ်ကြေညာချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုတာမျိုးမပါဘူး။ ဒါကြောင့်မို့လို့ ဒီနိုင်ငံတကာ ကြားဝင်စေ့စပ်ရေးကိစ္စတွေက ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်တွေ့ အခြေ အနေနဲ့ ကိုက်ညီနိုင်ရေး ဖြစ်အောင်တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

PPST အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် ကာကွယ်ဆေးများအား တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် နိုင်ငံတကာအကူအညီများ အမြန်ဆုံး ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။