Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒီးမော့ဆို၌ ပြည်သူတစ်ဦးသေဆုံးပြီး (၅)နှစ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)

စစ်ရှောင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံများထပ်မံတိမ်းရှောင်ရ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး (၅)နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီးငယ် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဓာတ်ပုံ – ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)

အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိပ်မောကျနေသည့် (၅၄)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏ မြေးဖြစ်သူ အသက်(၅)နှစ်အရွယ်ကလေးငယ်နှင့် သမီးဖြစ်သူ (၁၈)နှစ်အရွယ် မိန်းကလေးလေ တစ်ဦး၊ အခြားမှ လာသည့် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ကျေးရွာသည် စစ်ဘေးရှောင်ပြည်သူ အများအပြားလာရောက်နေထိုင်သည့် ကျေးရွာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ ထိတ်လန့်ကာ ညတွင်းချင်း ထပ်မံ တိမ်းရှောင်ခဲ့ကြရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အပြစ်မဲ့ကျေးရွာလူထုအပေါ်တွင် ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း မကြာခဏပြုလုပ်လေ့ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ကျော် သေဆုံးခဲ့ရကြောင်း ဒီးမော့ဆို PDFက ဆိုသည်။

ပြီးခဲသည့် ရက်ပိုင်းကလည်း ရှမ်း – ကယားနယ်စပ် မိုးဗြဲဒေသတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook