Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သိမ်းပိုက်ထားတဲ့ ယူကရိန်းမြို့တွေမှာ ရုရှားက ပတ်စ်ပို့တ်တွေ ထုတ်ပေးနေ

ရုရှားဟာ ၂၀၁၄ ကတည်းက ယူကရိန်းပိုင် နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်ပြီးရင် ပတ်စ်ပို့တ်တွေ ဖောဖောသီသီ ထုတ်ပေးတဲ့ မူဝါဒမျိုးကို လက်ကိုင် ကျင့်သုံးလာခဲ့ပါတယ်။ ဒွန်းဘက်စ်နဲ့ ခရိုင်းမီးယား ဒေသတွေမှာလည်း ရုရှားက ပတ်စ်ပို့တ်တွေ ဖြန့်ဝေပေးထားခဲ့ပြီးပါပြီ။

သိမ်းပိုက်ထားတဲ့ ယူကရိန်း မြို့တွေမှာ ရုရှားက ပတ်စ်ပို့တ်တွေ ထုတ်ပေးနေ
သိမ်းပိုက်ထားတဲ့ ယူကရိန်း မြို့တွေမှာ ရုရှားက ပတ်စ်ပို့တ်တွေ ထုတ်ပေးနေ

ယူကရိန်း တောင်ပိုင်းက ထိန်းချုပ် သိမ်းပိုက်ထားရာ မြို့နှစ်မြို့မှာ ရုရှားက ပတ်စ်ပို့တ်တွေ စတင် ဖြန့်ဝေပေးနေကြောင်း သိရပါတယ်။

ခါဆွန်နဲ့ မယ်လစ်တိုပို မြို့တွေမှာ ရုရှား နိုင်ငံသားဖြစ်ခွင့် ပတ်စ်ပို့တ်တွေ ဝေမျှပေးနေခြင်းက ဒီမြို့တွေကို ယူကရိန်းလက်ထဲ ပြန်လွှဲပေးဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်လာပါတယ်။ ယူကရိန်း အစိုးရကတော့ ယူကရိန်းပိုင် မြို့တွေမှာ ရုရှား နိုင်ငံသား ပတ်စ်ပို့တ်တွေ ဖြန့်ဝေနေတဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပြီး ရုရှားရဲ့ တရားမဝင် သိမ်းသွင်းမှုကြီး တစ်ခုလို့ ဝေဖန်ထားပါတယ်။

သတင်းတွေအရ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဒီလုပ်ငန်းစဉ်ကို အဆောတလျင် အကောင်အထည်ဖော်ဖို့ တိုက်ရိုက် ညွှန်ကြားထားကြောင်း သိရပါတယ်။ ရုရှား သတင်းဌာန Tassက ခါဆွန် ဒေသခံ ၂၃ ဦးဟာ ရုရှား ပတ်စ်ပို့တ်တွေကို ဇွန်လ ၁၁ ရက်မှာ အခမ်းအနား တစ်ရပ်နဲ့ ချီးမြှင့်ပေးအပ် ခံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

Tassရဲ့ အာဘော်မှာတော့ အခုလိုမျိုး ပတ်စ်ပို့တ်တွေ ထုတ်ပေးတဲ့ အစီအစဉ်ဟာ လူပေါင်း ထောင်ဂဏန်းလောက်အတွက် ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဒီအဆိုကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ဖို့တော့ ခက်နေဆဲပါ။

Public Service Announcement

Public Service Announcement

ရုရှားဟာ ၂၀၁၄ ကတည်းက ယူကရိန်းပိုင် နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်ပြီးရင် ပတ်စ်ပို့တ်တွေ ဖောဖောသီသီ ထုတ်ပေးတဲ့ မူဝါဒမျိုးကို လက်ကိုင် ကျင့်သုံးလာခဲ့ပါတယ်။ ဒွန်းဘက်စ်နဲ့ ခရိုင်းမီးယား ဒေသတွေမှာလည်း ရုရှားက ပတ်စ်ပို့တ်တွေ ဖြန့်ဝေပေးထားခဲ့ပြီးပါပြီ။

နောက်ဆက်တွဲ အနေနဲ့လည်း ရုရှား လတ်တလော ထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေမှာ အလားတူ ခြေလှမ်းမျိုး စတင်လာမှာကို ယူကရိန်းက အလေးအနက် စိုးရိမ်နေပါတယ်။ အတည် မပြုနိုင်သေးတဲ့ သတင်းတွေအရ ကျူးကျော် ထိန်းချုပ်ထားတဲ့ ရုရှား အာဏာပိုင်တွေဟာ ခါဆွန်မြို့မှာ ယူကရိန်းရဲ့ ဟက်ဗ်နီရာ ငွေကြေး ယူနစ်အစား ရုရှားရဲ့ ရူဘယ်လ်ငွေ ပြောင်းသို့ဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။