Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဒီမိုကရေစီအရွေ့မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အသွင်သဏ္ဍန်ပြောင်းခြင်းသာဖြစ်ဟုအဖွဲ့အစည်း ၃၃ခုထုတ်ပြန်

စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီကျင်းပပေးမည့်၂၀၂၃ရွေးကောက်ပွဲနှင့်ပါတ်သတ်၍သဘောထားထုတ်ပြန်ချက်
စစ်ကောင်စီကျင်းပပေးမည့်၂၀၂၃ရွေးကောက်ပွဲနှင့်ပါတ်သတ်၍သဘောထားထုတ်ပြန်ချက်

စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲသည် ဒီမိုကရေစီအရွေ့လုံး၀မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အသွင်သဏ္ဍန်ပြောင်းခြင်းသာဖြစ်ကြောင်း အဖွဲ့အစည်း ၃၃ဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီကျင်းပပေးမည့်၂၀၂၃ရွေးကောက်ပွဲနှင့်ပါတ်သတ်၍သဘောထားထုတ်ပြန်ချက်
စစ်ကောင်စီကျင်းပပေးမည့်၂၀၂၃ရွေးကောက်ပွဲနှင့်ပါတ်သတ်၍သဘောထားထုတ်ပြန်ချက်

“အရေးကြီးသည့် အဆစ်အချိုးကာလဖြစ်သည့်အတွက် မိမိတို့ တော်လှန်ရေးအင်အားစုများအတွင်း ညီညွတ်ရေးကို အစွမ်းကုန်ထိန်းသိမ်းပြီး စစ်ကောင်စီ၏ လှည့်စားမှုများအကြား ယိမ်းယိုင်မှုမရှိကြစေရန် အချင်းချင်းပို၍ သတိပေးကြ၊ လက်တွဲကြရမည်ဖြစ်သည်”ဟု အဖွဲ့အစည်း ၃၃ဖွဲ့၏ ကြေညာချက်၌ ဖော်ပြသည်။

နွေဦးတော်လှန်ရေးအောင်ပွဲကို လူထုအားဖြင့်သာ၊ လူထု၏ နည်းသဏ္ဍန်ပေါင်းစုံသော တိုက်ပွဲ များဖြင့်သာ အရယူနိုင်မည်ဟု အထက်ပါတော်လှန်ရေးအင်အားစုများက အလေးအနက် ယုံကြည်ကြောင်းနှင့် စစ်ကောင်စီ ၏ ထွက်ပေါက်မှန်သမျှကို အခိုင်အမာပိတ်ဆို့သွားကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲဝင်အင်အားစုအသီးသီး၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြီးအပိုင်ဖျက်သိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်သည်။

၂၀၂၃ ရွေးကောက်ပွဲသည် စစ်ကောင်စီအတွက် အထက်ပါရည်မှန်းချက် ၃ရပ်လုံးက ရှောင်ထွက်ရန် ထွက်ပေါက်ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်

သတင်း

အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။