Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ မြေပြင်သပိတ်ဆန္ဒပြ လူငယ် ၃၀ ကျော် ယမန်နေ့ညက ဖမ်းဆီးခံရ

“ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် ” ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

(၂၀၂၁၊ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)
(၂၀၂၁၊ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)

●ယနေ့တွင်အခြား သပိတ်ကော်မတီဝင်များကိုလည်း စစ်ကောင်စီက ဆက်လက်ရှာဖွေနေ

ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား ဆန္ဒပြသပိတ်များကိုဖော်ဆောင်နေသည့်လူငယ် ၃၀ကျော် ယမန်နေ့ (ဇွန်လ ၁၃) ညပိုင်းကစစ်ကောင်စီတပ်၏ အဓမ္မဖမ်းဆီးခြင်းခံရကြောင်းတော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှုကွန်ယက်စာက ထုတ်ပြန်သည်။

အဆိုပါသပိတ်လူငယ်များသည်ယမန်နေ့ညပိုင်းကစမ်းချောင်း၊ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ်များတွင် တစ်ညအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သပိတ်လူငယ်များစီးနင်းခဲ့သည့်အဌားယာဥ်မောင်းဖမ်းဆီးခံရခြင်းမှတစ်ဆင့်နောက်ဆက်တွဲ လူငယ်များဖမ်းဆီးခံခြင်း ဖြစ်နိုင်ကြောင်းမြို့နယ် သပိတ်ကော်မတီဝင်လူငယ်တစ်ဦးက​ပြောသည်။

” သပိတ်က လူတွေ ဌားစီးတဲ့ ကားဆရာ အရင်ဖမ်းခံရာကနေ ယနောက်ဆက်တွဲလူငယ်တွေပါဖမ်းခံရတာလို့သိရတယ်။ မနေ့ညကတစ်ညထဲကို ၃၀ ကျော်လောက် ဖမ်းခံရတယ်လို့တော့ ကြားပါတယ် ” ဟု၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ (ဇွန်လ ၁၄) တွင်လည်း ရန်ကုန်မြို့ မြို့နယ်အများစု၌ အကြမ်းဖက် စစ်ကောင်စီဝင်များက သပိတ်လူငယ်များကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သ​ပိတ်ကော်မတီဝင်များမှ တဆင့် သိရသည်။

“ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် ” ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ GSC မှ ယနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် အနီရောင်အဆင့် ကြေညာထားပြီး အခြား သပိတ်ကော်မတီများကလည်း မြေပြင်သပိတ်လူငယ်များ လုံခြုံရေးအထူးဂရုစိုက်ကြရန် ထုတ်ပြန်ထားသည်။

ထို့အပြင်ရန်ကုန်ရှိသပိတ်ရဲဘော်များလည်းမိမိတို့၏ ရဲဘော်ရဲဘက်အချင်းချင်း အပြန်အလှန် သတင်းရမရ စိစစ်ကြရန်နှင့် အဆက်အသွယ် မရရှိပါက နေရာရွေ့ရန်၊ ပြည်သူများအနေဖြင့်လည်း ဝိုင်း၀န်းကူညီစောင့်ရှောက်ပေးကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။