Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်သို့စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်မိုင်းမိပြီးသုံးဦးသေ

ကင်းထောက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဆက်ကြောင်းလက်မွန်ရွာမှထွက်လာရာYDF-​ဆော တပ်ရင်း(၉)၏ မိုင်းကွင်းအား လမ်းပြဒလန်၏သတင်းပေးမှုအရ သိရှိသွားပြီး မိုင်းကွင်းအား ရှောင်ကွင်းသွားခဲ့ကြောင်း ဖော်ပြသည်။

ဆောနယ်သို့စစ်ကြောင်းထိုး
ဆောနယ်သို့စစ်ကြောင်းထိုး

ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်များမိုင်းကွင်းမိပြီးသုံးဦးသေဆုံးသွားကြောင်းYaw Defense Force – Saw ကယနေ့(ဇွန်၁၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ဆောနယ် လက်မွန်ရွာသို့ ဇွန် ၁၃ ရက်ကစပြီးဝင်ရောက်တပ်စွဲခဲ့ရာYDF – ဆောတပ်ရင်း(၉)နှင့် တပ်ရင်း(၁၀) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

ထိုစဥ်ဇွန် ၁၃ ရက်နေ့ညနေ ၃ နာရီခွဲတွင်စစ်ကောင်စီတပ်မှ စနိုက်ဘာသမားတစ်ဦးနှင့် လမ်းပြနှစ်ဦးတို့သည် လက်မွန်ဘုရားကုန်းပေါ်တက်၍ ကင်းထောက်နေခဲ့သည်မှာနောက်တစ်နေ့(ဇွန် ၁၄ )မနက်အထိဖြစ်သည်။

ဆောနယ်သို့စစ်ကြောင်းထိုး
ဆောနယ်သို့စစ်ကြောင်းထိုး

ကင်းထောက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဆက်ကြောင်းလက်မွန်ရွာမှထွက်လာရာYDF-​ဆော တပ်ရင်း(၉)၏ မိုင်းကွင်းအား လမ်းပြဒလန်၏သတင်းပေးမှုအရ သိရှိသွားပြီး မိုင်းကွင်းအား ရှောင်ကွင်းသွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် YDF ပူးပေါင်းတပ်များမှ နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်များ တပ်နယ်လွန်ပြီယူဆကာ တပ်ဆုတ်ခဲ့ရာ နာရီဝက်ခန့်အကြာတွင်YDF-​ဆောတပ်ရင်း(၁၀) ဘက်မှ မိုင်းသုံးလုံးကွဲကာ သေနတ်သံများကြားခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုမှာ YDF တပ်ရင်း(၁၀) စခန်းအတွင်းစစ်ကောင်စီတပ်များဝင်ရောက်စဥ် မိုင်းကွင်းမိခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သော်လည်း လူအင်အား၊ လက်နက်အင်အားမမျှသဖြင့် YDF တပ်ရင်းများ တပ်ဆုတ်ခဲ့ရကြောင်းဖော်ပြသည်။

ထို့နောက် စစ်ကောင်စီတပ်များမှာ အလောင်းသုံးလောင်းကိုထမ်း၍ ကျောက်စစ်ချောင်းမှထွက်လာပြီး ကျောက်စစ်ဘုန်းကြီးကျောင်းအတွင်းဝင်မွှေကာ လယ်ကြီးအိုင်ရွာ၊ ယင်းမှတဆင့် မိုင်းကွင်းများရှောင်၍ ကံကြီးဘက်သို့ ဆက်ထွက်သွားကြောင်း ဆက်လက်အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။