Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို

အီရန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို လျှော့မချရင် သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေးက ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်ဒ်ကို ခြိမ်းခြောက်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို
ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို

အာရပ် သတင်းဌာန တစ်ခုဖြစ်တဲ့ Elaphက အစ္စရေးစစ်တပ် IDFဟာ ဒီရာဇသံကို အာဆတ်ဆီ ရှင်းရှင်းလင်းလင်း တိတိကျကျ ပေးပို့ထားကြောင်း ဖော်ပြခဲ့ပါတယ်။ အစ္စရေးရဲ့ ရန်သူတော် အီရန်ဟာ ဆီးရီးယားမှာ အာဆတ်ရဲ့ သစ္စာတော်ခံ တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

IDFက အာဆတ် အနေနဲ့ အီရန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်တာ၊ ဒါမှမဟုတ် ထင်သာမြင်သာ လျှော့ချတာတွေ မရှိခဲ့ရင် သမ္မတ နေထိုင်ရာ အိမ်တော်တွေကို ဗုံးကြဲသွားမယ်လို့ သတိပေးထားတာဖြစ်ကြောင်း Elaphက ဆိုပါတယ်။ IDFကတော့ ဒီသတင်းအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အစ္စရေး သတင်းဌာန Jerusalem Postကလည်း အာရပ် မီဒီယာရဲ့ ဖော်ပြချက်ကို သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။ အစ္စရေးဟာ နယ်နိမိတ်ချင်း နီးကပ်တဲ့ ဆီးရီးယား ပိုင်နက်ထဲမှာ အီရန်တပ်တွေ လာရောက် ဖြန့်ကျက်ထားတဲ့အပေါ် ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ ရှုမြင်ထားပါတယ်။ အရင်ကလည်း ဆီးရီးယား ပိုင်နက်ထဲက စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဆီးရီးယားက စွပ်စွဲပေမယ့် အစ္စရေးကတော့ ဘာမှ မဖြေရှင်းပါဘူး။

Elaph သတင်းဌာနဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အခြေစိုက်ပြီး ဆော်ဒီအာရေးဘီးယား နိုင်ငံသားတချို့ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အရင်ကတော့ အာရပ် ကမ္ဘာနဲ့ရော၊ အစ္စရေး အစိုးရ အရာရှိတွေကိုပါ လက်တံရှည်ရှည် ချိတ်ဆက်နိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၁၇ တုန်းက IDF အကြီးအကဲ ဂါဒီ အီဆန်ကော့နဲ့ ပထမဆုံး အင်တာဗျူးခွင့်ရတဲ့ ဆော်ဒီ မီဒီယာအဖြစ် Elaphက နာမည် ကျော်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အရင်က ပြည်တွင်းစစ်အပြီး ဆီးရီးယားမှာ အာဆတ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အီရန်နဲ့ ရုရှားတို့က အပြိုင်အဆိုင် စွက်ဖက်ခဲ့ပေမယ့် အခုအခါမှာတော့ ရုရှားက ယူကရိန်း စစ်ပွဲအတွက် အာရုံများနေပြီး ဆီးရီးယား အစိုးရအပေါ် အီရန်ရဲ့ လွှမ်းမိုးမှုက ပိုမို ကြီးထွားလာကြောင်း Elaphက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။