Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် CDM သူနာပြုဆရာမ အပါအဝင် ၅ဦး၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်
CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်

▪️စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်ခဲ့သူအားလုံးကို ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဟု ဖော်ပြ

စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်အပါအဝင် ၅ဦးနှင့် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ရက်က မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ အသက် (၂၇)နှစ်အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် Northern – Yesagyo (N – YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ ငါးဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်သော သူနာပြုတက္ကသိုလ်များကို သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍ လက်ရှိစစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်ကြောင်းဖော်ပြထားသည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်
CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်

ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာ ရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်