Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် CDM သူနာပြုဆရာမ အပါအဝင် ၅ဦး၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်
CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်

▪️စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်ခဲ့သူအားလုံးကို ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဟု ဖော်ပြ

စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်အပါအဝင် ၅ဦးနှင့် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ရက်က မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ အသက် (၂၇)နှစ်အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် Northern – Yesagyo (N – YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ ငါးဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်သော သူနာပြုတက္ကသိုလ်များကို သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍ လက်ရှိစစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်ကြောင်းဖော်ပြထားသည်။

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်
CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်

ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာ ရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး