Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်အရေးယူကြောင်းဗြိတိန်ကြေညာ

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်တပ်လေကြောင်းတိုက်ခိုက်

မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်ဗြိတိန်အစိုးရကထပ်တိုးပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်သည်။

မြန်မာ့တပ်မတော်သို့ လေယာဉ်အစိတ်အပိုင်းများအထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့်ကုမ္ပဏီများကိုပစ်မှတ်ထားအရေးယူဒဏ်ခတ်ခြင်းဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော မြန်မာကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Co. Ltd နှင့် Sky Aviator Co. Ltd တို့ဖြစ်သည်။

“စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနှင့် ပူတင်၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုတို့အား တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမည်ဖြစ်သည်” ဟု ဗြိတိန်၏ ယနေ့ကြေညာချက်၌ ဖော်ပြသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်တပ်လေကြောင်းတိုက်ခိုက်

မြန်မာစစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် ကျယ်ပြန့်သောရက်စက်ကြမ်းကြုတ်မှုများကိုစနစ်တကျကျူးလွန်နေကြောင်း Amnesty International ၏မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအပြီး အဆိုပါဒဏ်ခတ်အရေးယူမှုကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

မြန်မာစစ်တပ်အတွက်လက်နက်နှင့် လေယာဥ်အစိတ်အပိုင်းများထောက်ပံ့ရာတွင် ပါ၀င်ပတ်သက်နေသည့် ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ပူတင်၏ မဟာမိတ်များကို ပစ်မှတ်ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများလည်းပါ၀င်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။