Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေစကြို PDF စစ်သင်တန်းဆင်းပွဲပြုလုပ်

ရေစကြိုမြို့နယ် PDFအနေဖြင့် ဒေသတွင်း PDFတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီ၏ ဂိတ်စခန်း၊ ရဲစခန်း အချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီထောက်တိုင်များကိုလည်း တိုက်ခိုက်ခဲ့သည်။

ရေစကြို PDF
ရေစကြို PDF

▪️အကြောက်တရားမရှိသည့်ခေတ်ရောက်အောင် ဆက် လက်၍ တော်လှန်ရေးဆင်နွှဲရမည်ဟု ပြော

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အနေ ဖြင့် ယနေ့ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု၏ မွေးနေ့အထိန်းအမှတ်အဖြစ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် သည်။

“ကျွန်တော်တို့ ခေါင်းဆောင်က မတရားဖမ်းဆီးခံထားရတယ်ဆိုတော့ ကောင်းမွန်တဲ့စိတ်ခံစားချက်တော့ ဖြစ်မနေဘူးပေါ့ဗျာ။ သို့ပေမယ့်လည်း ကျွန်တော်တို့ လူထုခေါင်းဆောင်မှာတဲ့အတိုင်း ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ ဆက်ပြီးတော့လုပ်နေကြရမယ်။ အကြောက်တရားတွေမရှိတဲ့ခေတ်ကို ရောက်အောင် ကျွန်တော်တို့ လူထုခေါင်းဆောင်ရော ကျန်တဲ့တခြားတခြား ခေါင်း ဆောင်တွေ တခြားတခြား ပြည်သူတွေ လွတ်မြောက်အောင် လူထုခေါင်းဆောင်ရဲ့ လမ်းစဉ်အတိုင်း မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း မတိမ်းမစောင်းဘဲ လူထုနဲ့ အတူဆက်ပြီးတော့ တော်လှန်ရေးဆင်နွှဲရမယ်” ဟု ရေစကြို PDF တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြို PDF
ရေစကြို PDF

ရေစကြို PDF အနေဖြင့်လည်း လူထုနှင့်တသားတည်း ဆက်ပြီးတော်လှန်ရေးခရီးကို ဆက်လျှောက် သွားမည်ဟု ရဲဘော်ဝေကြီးက ပြောသည်။

“ဒီကာလက အမှောင်ကာလပေါ့ဗျာ။လက်နက်အားကိုးပြီး မတရားလုပ်ခံနေရတဲ့ ကာလဆိုတော့ ကျွန်တော်တို့ကလည်း ဒါကိုတွန်းလှန်နေရတဲ့ ကာလဆိုတော့ ကျွန်တော်တို့လည်း ဒုက္ခတွေနဲ့ ရင်ဆိုင်နေရသလိုပြည်သူလူထုလည်း ဒီအချိန်မှာ ဒုက္ခတွေရောက်ကြရတယ်။ ကျွန်တော်တို့ ဒုက္ခသုက္ခတွေကို ကျွန်တော်တို့နဲ့ ပြည်သူနဲ့ လက်တွဲပြီး ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည် သုခတွေနဲ့ ပြည်နေတဲ့ တိုင်းပြည်ကို မလွှဲမသွေရောက်မှာပေါ့။ အဲဒီတော့ ကျွန်တော်တို့အားတင်းပြီး ဆက်ပြီး လုပ်ကြရအောင်လို့ ပြောလိုပါတယ်”ဟု ၎င်းက ပြော သည်။

Public Service Announcement

Public Service Announcement

ယခု ကျင်းပသည့် စစ်သင်တန်းဆင်းပွဲသည် အမှတ်စဉ် (၁၃)ဖြစ်ပြီး သင်တန်းတစ်ခုလျင် သင်တန်းကာလ နှစ်ပတ်ခန့်ကြာမြင့်ကာ စစ်သင်တန်းဆင်းပွဲတစ်ခုလျင် အင်အား ၁၀၀ကျော် ပါဝင်သည်ဟု ဆိုသည်။

ရေစကြို PDF
ရေစကြို PDF

ရေစကြိုမြို့နယ် PDFအနေဖြင့် ဒေသတွင်း PDFတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီ၏ ဂိတ်စခန်း၊ ရဲစခန်း အချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီထောက်တိုင်များကိုလည်း တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။