Connect with us

Hi, what are you looking for?

သတင်း

အင်အားရာနှင့်ချီ ချီတက်ဆန္ဒပြခဲ့သည့် မြင်းမူနယ် ကျေးရွာလူထုသပိတ်

ဆန္ဒပြပြည်သူများက “အာဏာရှင်တွေ ကြောက်တဲ့ ရဲရဲတောက် ပြည်သူလူထု”ဆိုသည့် စာသားပါ ဗီနိုင်း ကိုင်ဆောင်၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများဖြင့်ချီတက်သပိတ်မှောက်ခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

▪️ဒေသခံ PDFများက ဆန္ဒပြည်သူများ၏ လုံခြုံရေး ဝန်းရံပေးခဲ့

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ယနေ့ (ဇွန်လ ၂၀) ညနေပိုင်း၌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူအင်အားထောင်နှင့်ချီ၍ ကျေးရွာလူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

ဆန္ဒပြပြည်သူများက “အာဏာရှင်တွေ ကြောက်တဲ့ ရဲရဲတောက် ပြည်သူလူထု”ဆိုသည့် စာသားပါ ဗီနိုင်း ကိုင်ဆောင်၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများဖြင့်ချီတက်သပိတ်မှောက်ခဲ့သည်။

ယင်းသပိတ်တွင် ရွာပင်မသပိတ်ကော်မတီ အဖွဲ့ဝင်များ၊ အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီများ ပူးပေါင်းဝန်းရံကာ သပိတ်တရားဟောပြောခဲ့ကြသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်၍ လိုက်ပါဝန်းရံပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။