Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် ဒေါ်လာ သန်း ၃၀၀ နီးပါး ကနေဒါ သုံးစွဲမည်

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ကနေဒါ
ကနေဒါ

ကနေဒါသည် ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် လာမည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၈.၃ သန်း သုံးစွဲမည်ဟု ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါ၏ အဆိုပါမဟာဗျုဟာ နောက်ဆက်တွဲသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် အခြားထိခိုက်ခံရသူများ၏ လတ်တလော အရေးပေါ် အကျပ်အတည်းများတုံ့ပြန်ရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို အားကောင်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လက်ရှိဖြစ်ပွားနေသော ရိုဟင်ဂျာအရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းများနှင့်ပတ်သက်၍ ကနေဒါက လွန်စွာစိုးရိမ်ပူပန်နေဆဲဖြစ်သည်။ မြန်မာစစ်အစိုးရသည် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ရန်နှင့် အာဆီယံ၏ ဘုံသဘောတူ ညီချက်ငါးရပ်ကို အကောင် အထည်ဖော်ရန် ဆောင်ရွက်ရမည်ဖြစ်သည်” ဟု ကနေ ဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောသည်။

ကနေဒါသည် မြန်မာလူထု၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံတွင်ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနှင့် ရိုဟင်ဂျာများနှင့် အခြားအသိုက်အဝန်းများအပေါ် ကျုးလွန်ထားသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသည်။

Public Service Announcement

Public Service Announcement

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် လူသားချင်းစာနာမှု အကူအညီများပေးရန် ဒေါ်လာ ၁၅.၃သန်းနှင့် မြန်မာနိုင်ငံတွင် ၂၀၂၂ အတွင်း ရိုဟင်ဂျာများအပါအဝင် အထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အတွေ့အကြုံရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများကို ပံ့ပိုးရန် ဒေါ်လာ ၁၀.၃သန်း ကို ခွဲဝေချထားပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။