Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် ဒေါ်လာ သန်း ၃၀၀ နီးပါး ကနေဒါ သုံးစွဲမည်

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ကနေဒါ
ကနေဒါ

ကနေဒါသည် ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် လာမည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၈.၃ သန်း သုံးစွဲမည်ဟု ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါ၏ အဆိုပါမဟာဗျုဟာ နောက်ဆက်တွဲသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် အခြားထိခိုက်ခံရသူများ၏ လတ်တလော အရေးပေါ် အကျပ်အတည်းများတုံ့ပြန်ရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို အားကောင်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လက်ရှိဖြစ်ပွားနေသော ရိုဟင်ဂျာအရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းများနှင့်ပတ်သက်၍ ကနေဒါက လွန်စွာစိုးရိမ်ပူပန်နေဆဲဖြစ်သည်။ မြန်မာစစ်အစိုးရသည် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ရန်နှင့် အာဆီယံ၏ ဘုံသဘောတူ ညီချက်ငါးရပ်ကို အကောင် အထည်ဖော်ရန် ဆောင်ရွက်ရမည်ဖြစ်သည်” ဟု ကနေ ဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောသည်။

ကနေဒါသည် မြန်မာလူထု၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံတွင်ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနှင့် ရိုဟင်ဂျာများနှင့် အခြားအသိုက်အဝန်းများအပေါ် ကျုးလွန်ထားသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသည်။

Public Service Announcement

Public Service Announcement

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် လူသားချင်းစာနာမှု အကူအညီများပေးရန် ဒေါ်လာ ၁၅.၃သန်းနှင့် မြန်မာနိုင်ငံတွင် ၂၀၂၂ အတွင်း ရိုဟင်ဂျာများအပါအဝင် အထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အတွေ့အကြုံရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများကို ပံ့ပိုးရန် ဒေါ်လာ ၁၀.၃သန်း ကို ခွဲဝေချထားပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။