Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့်မိုင်းများကို KNDF ရှင်းလင်း

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ၏ မြေမြှုပ်မိုင်း၊တိုက်မိုင်းများစွာ အသုံးပြုထားသည့်အတွက်ကြောင့် ဒေသခံပြည်သူများလည်း မကြာခဏ မိုင်းမိ၍ သေဆုံးထိခိုက်မှုများ ရှိနေသည်။

(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း - ၅)
(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း - ၅)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၅က ယနေ့(ဇွန် ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပါင်းအဖွဲ့သည် ယမန်နေ့(ဇွန် ၂၁ ရက်) ညပိုင်းက ဥခူးရီကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် စစ်ကောင်စီတပ်များထောင်ထားခဲ့သည့် မိုင်းများကိုတွေ့ရှိခဲ့ပြီး ရှင်းလင်းဖယ်ရှားခဲ့သည်ဟု ဆိုသည်။

(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း - ၅)
(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း – ၅)

ကျေးရွာအတွင်းရှိ နေအိမ်များ၊ ရေတွင်းများနှင့် ကျေးရွာလမ်းများအနီး စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် လက်လုပ်မိုင်းအမျိုးအစား ၁၈လုံး တွေ့ရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း စစ်ကောင်စီတပ်များက ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းရှေ့တွင် မိုင်းထောင်ထားခဲ့၍ ကရင်နီရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း - ၅)
(ဖယ်ရှားရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းများဖြစ်သည်။ ဓာတ်ပုံ KNDF တပ်ရင်း – ၅)

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ၏ မြေမြှုပ်မိုင်း၊တိုက်မိုင်းများစွာ အသုံးပြုထားသည့်အတွက်ကြောင့် ဒေသခံပြည်သူများလည်း မကြာခဏ မိုင်းမိ၍ သေဆုံးထိခိုက်မှုများ ရှိနေသည်။

ထို့ကြောင့် စစ်ဘေးရှောင်နေရဆဲဖြစ်သော ကရင်နီပြည် နယ်ရှိ ဒေသခံများအနေဖြင့် နေရပ်သို့မပြန်သေးရန် ကရင်နီတပ်ပေါင်းစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။