Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီးပြော
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို ဂျပန်ကာကွယ်ရေးဝန်ကြီး က ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာကျင်းပတဲ့ ဂျပန်နဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အဲဒီလိုပြောလိုက်တာလို့ The Japan Times သတင်းဌာနကဖော်ပြပါတယ်။

မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးတက်မှု လုံးဝမရှိတာကို ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကိုစိုးရိမ်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး ကို ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစည်းအဝေးမှာမြန်မာစစ်ကောင်စီကာကွယ်ရေးဝန်ကြီးကိုတက်ခွင့်မပြုဖို့ ကန့်ကွက်တာတွေရှိပေမယ့် လည်း တက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။