Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးပြည်သူများဖြတ်သန်းသွားလာမှုမလုပ်ရန် PDF များအသိ​ပေး

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီး၏မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးအား ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ပြည်သူများအနေဖြင့် ယခုရက်ပိုင်း ခင်ဦးလမ်းပိုင်အားလုံး အသုံးမပြုကြပါရန်နှင့် လမ်းပိုင်းအားလုံး သွားလာခြင်း ခေတ္တ ရပ်နားထားပေးကြပါရန် အထူး မေတ္တာရပ်ခံကြောင်း ခင်ဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့က ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ယာဥ်တစ်စီးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့သည်။ ထို့နောက်ယနေ့တွင် အကြမ်းဖက်စစ်တပ်က ခင်ဦးနယ်အတွင်း ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကိုးတန်းကျောင်းသားတစ်ဦးသတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ယနေ့ ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ် လှုပ်ရှားနေကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ညပိုင်းမှ နံနက်ဖြန် နံနက် ၅ နာရီမတိုင်ခင်အထိမည်သည့်ယာဉ်၊ မည်သည့်အကြောင်း
ပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်းPDFSouth Monywaက ပြောသည်။

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။