Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးပြည်သူများဖြတ်သန်းသွားလာမှုမလုပ်ရန် PDF များအသိ​ပေး

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီး၏မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးအား ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ပြည်သူများအနေဖြင့် ယခုရက်ပိုင်း ခင်ဦးလမ်းပိုင်အားလုံး အသုံးမပြုကြပါရန်နှင့် လမ်းပိုင်းအားလုံး သွားလာခြင်း ခေတ္တ ရပ်နားထားပေးကြပါရန် အထူး မေတ္တာရပ်ခံကြောင်း ခင်ဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့က ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ယာဥ်တစ်စီးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့သည်။ ထို့နောက်ယနေ့တွင် အကြမ်းဖက်စစ်တပ်က ခင်ဦးနယ်အတွင်း ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကိုးတန်းကျောင်းသားတစ်ဦးသတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ယနေ့ ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ် လှုပ်ရှားနေကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ညပိုင်းမှ နံနက်ဖြန် နံနက် ၅ နာရီမတိုင်ခင်အထိမည်သည့်ယာဉ်၊ မည်သည့်အကြောင်း
ပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်းPDFSouth Monywaက ပြောသည်။

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။