Connect with us

Hi, what are you looking for?

သတင်း

ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့
ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့

KNU ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းအောက်မှာ မိုင်းထောင်ထားခဲ့တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲကြောင့် ဒေသခံရွာသွားတွေ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီး ရွာထဲမှာ တော့ ကျွဲ ၊နွားတွေကို ကြိုးချည်ထားခဲ့ရပါတယ်။

နောက်ရက်မှာ အင်းနက်ရွာသား ၃ ဦးဟာ ကျွဲ ၊နွားတွေကို ကြိုးဖြည်ပြီး လွှတ်ပေးဖို့ ပြန်လာချိန်မှာ သေနတ်သံကြားလို့ ပြန်ပြေးလာရပါတယ်။ ဒီလို ပြန်ပြေးလာတဲ့ ရွာသား ၃ ဦး ထဲက ၂ ဦးပျောက်ဆုံးခဲ့တာပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၃ ရက်အကြာ ဇွန်လ ၂၉ ရက်မှာတော့ ပျောက်ဆုံးနေသူတွေကို ရွာသားတွေက ရှာဖွေကြရာမှာ စစ်ကောင်စီက သတ်ဖြတ်ထားခဲ့တဲ့ အင်းနက်ရွာသားစောမူးသာ(အသက်၄၀နှစ်)ရဲ့ ရုပ်အလောင်းကို အင်းနက် ဘုန်းကြီးကျောင်းရဲ့ အရှေ့ဖက် ငှက်ပျောရုံအနီးမှာတွေ့ခဲ့ရတယ်လို့သိရပါတယ်။

အလောင်းကိုမြေမြှုပ်ဖို့ ရွှေ့ချိန်မှာ အလောင်းအောက်မှာ မိုင်း ၃ လုံးထောင်ထားတာကိုတွေ့ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ကျန်တဲ့ ရွာသား ၁ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။