Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီက သတ်ဖြတ်ခဲ့သော ပြည်သူငါး ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီက သတ်ဖြတ်ခဲ့သော ​ဒေသခံပြည်သူ ငါးဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်း အနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇူလိုင် ၁ ရက်) နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လ နှင့် ဇူလိုင်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကလေးအခြေစိုက်တပ်ရင်း (၂၂၈) ၊ တပ်မ(၄၄)နှင့် တပ်မ(၉၉)တို့သည် ကနီနယ်အတွင်း စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့တွင် ၎င်းအရပ်သားပြည်သူငါးဦး ကြွေလွင့်ခဲ့သည့် ရှစ်ခိုးထပ်ကွေ့အနီး၌ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဒေသခံပြည်သူများက ကျင်းပပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အခမ်းအနား၌ NUG ကာကွယ်ရေးအလံတော်အားအလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား အလေးပြုခြင်း ၊ အောက်မေ့အမှတ်ရသောအားဖြင့် (၈) စက္ကန့်ငြိမ်သက်အမှတ်ရခြင်း၊ နွေဦတော်လှန်ရေးသပိတ်အင်အားစု၏ နာယကဆရာတော်နှင့် ဦးဆောင်သူ ကိုပြည်အောင်နိုင် မှ အမှတ်တရအောက်မေ့စကားများ ၊ လူ့အခွင့်အရေး နှင့် စစ်ရာဇဝတ်မှုများ အကြောင်း ဟောပြောခဲ့သည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ – ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဓာတ်ပုံ – ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

ထိုအပြင် စစ်ကောင်စီထွက်ပေါက်မှန်သမျှ ပိတ်ဆို့ကြ၊ စစ်ကောင်စီ ရွေးကောက်ပွဲ CDM ပြုလုပ်ရေး ဒို့အရေး၊ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ၊ လူ့အခွင့်အရေး၏ ရန်သူ စစ်ကောင်စီ အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ ပြည်သူအားလုံး ညီကြစို့ ၊ တော်လှန်ရေးကြီး မြန်မြန်ပြီးဖို့ ပြည်သူအားလုံး ပါဝင်စို့ ၊ ပျောက်ဆုံးသွားတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ အပြီးယူကြ၊ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အခမ်းအနား၌ ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

Facebook