Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG အစိုးရ၊ ​ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့ ရုံး၊ ဌာနများဖွဲ့စည်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)
(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲ‌ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့၏ ရုံး၊ ဌာနများ ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီးဌာနမှ ယနေ့ (ဇူလိုင် ၁) ထုတ်ပြန်သည်။

ဝန်ကြီးဌာနမှ ယမန်နေ့(ဇွန် ၃၀)ရက်စွဲဖြင့်ထုတ်ပြန်သော အမိန့်ကြေညာချက်အရ “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နှင့်အညီ အောက်ပါရုံး၊ ဌာနများအားဖွဲ့စည်းခွင့် ပြုလိုက်သည်ဟု ဖော်ပြသည်။

အဆိုပါ အမိန့်စာတွင် ပြည်သူ့ရဲတပ်ဖွဲ့၏ရုံး၊ ဌာန ၁၁ခုကိုဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပြီး ၎င်းတို့မှာ ရဲချုပ်ရုံး၊ ဒုတိယရဲချုပ်ရုံး၊ ရဲဦးစီးချုပ်ရုံး၊ ရဲရေးချုပ်ရုံး၊ ရဲထောက်ချုပ်ရုံး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ မှုခင်းတပ်ဖွဲ့၊ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်း‌ရေး ဌာနကြီး၊ သတင်းတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးနှင့် မြို့ နယ်ရဲတပ်ဖွဲ့များ/မြို့နယ်ရဲစခန်းများ ပါဝင်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီလက်အောက်၌ ဟန်ပြဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသည့် Pre CDM ရဲတပ်ဖွဲ့ဝင် ၃၄ ဦးအထိရှိနေပြီး ဝန်ကြီးဌာနနှင့် အဆက်အသွယ်မရသေးသည့် အခြား CDM ရဲတပ်ဖွဲ့ဝင်များအား ဆက် လက်ချိတ် ဆက်နိုင်ရန် စီစဥ်နေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော CDM ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူးနှစ်ဦး၊ ဒုရဲမှူး ၁၂ ဦး၊ ရဲအုပ် ၄၄ ဦး၊ ဒုရဲအုပ် ၈၂ ဦး၊ ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်ကြီး ၁၀၈ ဦး၊ ရဲတပ်ကြပ် ၁၆၇ ဦး၊ ရဲဒုတက ၃၄၆ ဦး၊ ရဲတပ်သား ၂,၁၂၉ ဦး၊ စာရေး ၁၆ဦးနှင့် အကျဥ်းဦးစီး ၃၀ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ယခုနှစ်(၂၀၂၂)မေလ ၃ ရက်တွင် အတည်ပြုပြဌာန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။