Connect with us

Hi, what are you looking for?

သတင်း

NUG အစိုးရ၊ ​ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့ ရုံး၊ ဌာနများဖွဲ့စည်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)
(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲ‌ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့၏ ရုံး၊ ဌာနများ ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီးဌာနမှ ယနေ့ (ဇူလိုင် ၁) ထုတ်ပြန်သည်။

ဝန်ကြီးဌာနမှ ယမန်နေ့(ဇွန် ၃၀)ရက်စွဲဖြင့်ထုတ်ပြန်သော အမိန့်ကြေညာချက်အရ “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နှင့်အညီ အောက်ပါရုံး၊ ဌာနများအားဖွဲ့စည်းခွင့် ပြုလိုက်သည်ဟု ဖော်ပြသည်။

အဆိုပါ အမိန့်စာတွင် ပြည်သူ့ရဲတပ်ဖွဲ့၏ရုံး၊ ဌာန ၁၁ခုကိုဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပြီး ၎င်းတို့မှာ ရဲချုပ်ရုံး၊ ဒုတိယရဲချုပ်ရုံး၊ ရဲဦးစီးချုပ်ရုံး၊ ရဲရေးချုပ်ရုံး၊ ရဲထောက်ချုပ်ရုံး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ မှုခင်းတပ်ဖွဲ့၊ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်း‌ရေး ဌာနကြီး၊ သတင်းတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးနှင့် မြို့ နယ်ရဲတပ်ဖွဲ့များ/မြို့နယ်ရဲစခန်းများ ပါဝင်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီလက်အောက်၌ ဟန်ပြဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသည့် Pre CDM ရဲတပ်ဖွဲ့ဝင် ၃၄ ဦးအထိရှိနေပြီး ဝန်ကြီးဌာနနှင့် အဆက်အသွယ်မရသေးသည့် အခြား CDM ရဲတပ်ဖွဲ့ဝင်များအား ဆက် လက်ချိတ် ဆက်နိုင်ရန် စီစဥ်နေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော CDM ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူးနှစ်ဦး၊ ဒုရဲမှူး ၁၂ ဦး၊ ရဲအုပ် ၄၄ ဦး၊ ဒုရဲအုပ် ၈၂ ဦး၊ ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်ကြီး ၁၀၈ ဦး၊ ရဲတပ်ကြပ် ၁၆၇ ဦး၊ ရဲဒုတက ၃၄၆ ဦး၊ ရဲတပ်သား ၂,၁၂၉ ဦး၊ စာရေး ၁၆ဦးနှင့် အကျဥ်းဦးစီး ၃၀ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ယခုနှစ်(၂၀၂၂)မေလ ၃ ရက်တွင် အတည်ပြုပြဌာန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook