Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဝင်နေသည့် ရဲဘော်များကိုယ်တိုင်ဖန်တီးထားသော ကဗျာဖတ်ရင်းလှူနိုင်မည့် နွေဦးကဗျာ Application မိတ်ဆက်

နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။

နွေဦးကဗျာ Application
နွေဦးကဗျာ Application

လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ရဲဘော်များကိုယ်တိုင် ဖန်တီးထားသော ကဗျာဖတ်ရင်းလှူနိုင်မည့် နွေဦးကဗျာ Application အား မိတ်ဆက်လိုက်သည်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)လက်အောက်ရှိ DawNa တပ်စုဝင် ရဲဘော်များကိုယ်တိုင် ရန်ပုံငွေရှာရန် ဖန်တီးထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဘက်က တပ်ဖွဲ့များကို တတ်အားသရွေ့ထောက်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း Application စီစဥ်သူ ရဲဘော်များက ပြောသည်။

နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။

“ခေတ်ပေါ် ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ ကဗျာတွေကို အထပ်ထပ်အခါခါ နားထောင်လို့ရနိုင်မယ့် Audio ပုံစံဖြင့် အသက်သွင်းထားပြီး ကဗျာတပုဒ်နားထောင်မယ်ကြံတိုင်း ပေါ်လာတဲ့ ကြော်ငြာတွေကို ကြည့်ပေးရင်းနဲ့ ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ Audio တွေကို auto မသွားဘဲတစ်ပုဒ်ပြီး တစ်ပုဒ်နှိပ်ပေးနေမှ ADတက်မှာဖြစ်ပြီး ဝင်ငွေပိုရရှိမှာဖြစ်ပါတယ်။ “ဟု Application စီစဥ်သူ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကနဦးအနေဖြင့် Android ဖုန်းများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

App ဒေါင်းလုပ်ခ်လုပ်ရန် Link
https://play.google.com/store/apps/details…

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။