Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့သည့် AAတပ်ဖွဲ့ဝင် ၆ဦး၏ဓာတ်ပုံများ ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ကရင်ပြည်နယ် KNU တပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

AA ထုတ်ပြန်
AA ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် ၆ဦး၏ ဓာတ်ပုံများကို AAက ယနေ့ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၄ရက်)နေ့လည်ပိုင်းက မြန်မာ- ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ဆေးခန်းအပါအဝင်အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကျဆုံးရဲဘော်များမှာ ရသေ့တောင်မြို့နယ်မှ တပ်သားကျော်ဦးလှိုင်၊ တပ်သားနေဇော်ဦး၊ ပုဏ္ဍားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး၊ ပလက်၀မြို့နယ်မှ တပ်သား ထွန်းထွန်းလင်း၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်းတို့ ဖြစ်သည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အနေဖြင့် AA တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်သည်ဟု ကောက်ချက်ချ၍ ရကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်သတင်းဌာန Narinjara သို့ ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

“ဘာဖြစ်လို့ဆိုလို့ရှိရင် အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း အဝေးကြီးလေ။ ဆိုတော့ တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိရှိ လာပြီးဗုံးကြဲတိုက်ခိုက်တယ်လို့ သုံးသပ်လို့ရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် လာရောက်တိုက်ခိုက်သည်ဆိုခြင်းကို လေ့လာသုံးသပ် စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ကရင်ပြည်နယ် KNU တပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။