Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းအ​နောက်ခြမ်းတွင်စစ်​တပ်ကရဟတ်ယာဥ်ဖြင့်ပစ်ခတ်၍​ကျေးရွာ၆ရွာမှပြည်သူများထွက်​ပြေး​နေရ၊ စားနပ်ရိက္ခာများလိုအပ်​နေ

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ကျေးရွာ ၆ရွာထက်မန​ည်းမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည်ဇူလိုင်လ ၂ရက် ညနေ ၄ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်ကို MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ပစ်ခတ်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)

ယမန်နေ့(ဇူလိုင်လ၄ရက်)တွင်လည်းဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ရဟတ်ယာဥ်ဖြင့် အကြမ်းဖက်စစ်သားအချို့ လာရောက်ချသွားပြီး ကျေးရွာ‌များမှ ပြည်သူများဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ရှောင်များအတွက် အဓိကလိုအပ်တာက စားနပ်ရိက္ခာဖြစ်ပါတယ်။ လက်ရှိသိရသလောက် လမ်းကြောင်းဦးတည်မယ်ထင်တဲ့ ကျေးရွာ ၆ ရွာ အနည်းဆုံး တိမ်းရှောင်နေရပါတယ်။ အခုလည်း စစ်ရှောင်ပြည်သူတွေ လက်ခံထားတဲ့ကျေးရွာများနဲ့ ချိတ်ဆက်နေပါတယ်။အခက်အခဲရှိတာနဲ့
တတ်နိုင်သလောက်ကူညီဖို့ပြင်ဆင်နေပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က လည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။