Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းနှင့်ဆက်စပ်သည့် လမ်းပိုင်းငါးခုတွင် စစ်ကောင်စီတပ်မှယာဥ်များနှင့်ကပ်မလိုက်ကြရန် MDPDF သတိပေး

ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။

MDPDF
MDPDF

မကွေးတိုင်းနှင့် ဆက်စပ်သည့် လမ်းပိုင်းငါးခုတွင် ယနေ့(ဇူလိုင် ၆)မှစပြီး တစ်လအတွင်း စစ်ကောင်စီတပ်မှ ယာဥ်များနှင့် ကပ်မလိုက်ကြရန် မကွေးတိုင်းဒေသကြီးတပ်တော်(MDPDF)ကသတိပေးထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းများမှာ မကွေး-ရေနံချောင်း-ကျောက်ပန်းတောင်း၊ မကွေး-မြို့သစ်-နေပြည်တော်၊ မကွေး-နတ်မောက်၊ မကွေး-သစ်ရာကောက်-တောင်တွင်းကြီးနှင့် မကွေး-မင်းလှ-မလွန် စသည့်လမ်းပိုင်းများပါဝင်သည်။

“ယာဥ်ကြီး၊ ယာဥ်ငယ်၊ ဆိုင်ကယ်သမားများအနေဖြင့် စခ ယာဥ်တန်းများ၊ ရခ ယာဥ်တန်းများ၏နောက်မှ ကပ်လိုက်မောင်းနှင်ခြင်း မပြုကြပါရန်၊ စစ်ကား၊ ရဲကားများအား ဝေးဝေးမှသာ ရှောင်ကျဥ်မောင်းနှင်ကြပါရန် သတိပေးတားမြစ် ကြေညာအပ်ပါသည်”ဟု MDPDF က အသိပေးသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။