Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော်များ၏ စျာပန ယနေ့ပြုလုပ်

“မနက်အစောကတည်းက ဖြစ်တာ။လောကထုနဲ့ ပဒေါင်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်ရတယ်။ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါသုံး တယ်။လောလောဆယ် ညနေပိုင်း တော့ နည်းနည်း ငြိမ်နေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ - PKPF

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော်များ၏ စျာပနကို ယနေ့(ဇူလိုင် ၆ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်သည်။

“တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူး။ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ… အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက်…. ပြန်မရနိုင်တဲ့ အစားထိုးမှု ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”ဟု PKPF က ပြောသည်။

ထို့အပြင် ယနေ့(ဇူလိုင် ၆ ရက်)တွင်လည်း လွိုင်ကော်-ဖယ်ခုံ မြို့နယ်တို့၌ တိုက်ပွဲများပြင်းထန် နေပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများ၍ လေကြောင်း ပစ်ကူများပေးခဲ့ရဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးသည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ – PKPF

“မနက်အစောကတည်းက ဖြစ်တာ။လောကထုနဲ့ ပဒေါင်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်ရတယ်။ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါသုံး တယ်။လောလောဆယ် ညနေပိုင်း တော့ နည်းနည်း ငြိမ်နေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် KNDF က ယနေ့ထုတ်ပြန်ထား သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၄ရက် နံနက် ၅နာရီခန့်က ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့မှ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ – PKPF

ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ အကြမ်းဖက်စစ်ကာင်စီ၏ လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြစ် အဆမတန် အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၄၀ကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆမတန် လက်နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်းများကို ဝင်ရောက်စီးနှင်းမှုအတွင်း ပူပေါင်းတပ်ဖက်မှ ရဲဘော် ၁၁ဦးကျဆုံးခဲ့ရ​ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။