Connect with us

Hi, what are you looking for?

သတင်း

ပျူများသတ်လိုက်​သောအိန္ဒိယနိုင်ငံသားနှစ်ဦးအ​လောင်းပြန်မပို့​သေး၍မိုး​ရေးမြို့တွင်ဆန္ဒပြပြီး စစ်​ကောင်စီနယ်စပ်ရဲကင်းကိုမီးရှို့

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ
မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ

မြန်မာ-အန္ဒိယနယ်စပ်တမူးမြို့တွင် စစ်​ကောင်စီ​မွေးထား​သောပျူစောထီးအဖွဲ့က သတ်ဖြတ်လိုက်သည့် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီက ပြန်မပို့သေး၍ အိန္ဒိယနိုင်ငံမိုးရေးမြို့ ရှိအန္ဒိယနိုင်ငံသားဒေသခံများက ယ​နေ့တွင်ဆန္ဒထုတ်ဖော်နေကြပြီး စစ်​ကောင်စီ၏နယ်
စပ်ကင်းစခန်းကိုလည်း မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။

နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက ယမန်နေ့(ဇူလိုင် ၅ရက်)နေ့လယ် ၁ နာရီခန့်တွင်သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ရုပ်အလောင်းကို ၂၄ နာရီကျော်လာသည်အထိ ပြန်လွှဲမပေး၍အန္ဒိယနိုင်ငံ မိုးရေးမြို့ခံပြည်သူအများအပြားက ဆန္ဒထုတ်ဖော်နေကြောင်း နယ်စပ်ဒေသနေသူများကပြောသည်။

မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ
မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ

” အိန္ဒိယနိုင်ငံသားနှစ်ဦး အလောင်းကို ပြန်မလွှဲလို့ မိုရေးမှာ ပြဿနာအကြီးအကျယ်တက်နေပြီ။ ရဲစခန်းကိုဆန္ဒပြတယ်။ အာမီ(အိန္ဒိယစစ်တပ်)က လိုက်ထိန်းနေရတယ်။အခုထိဆန္ဒ
ပြနေကြတုန်း” ဟု ယနေ့(ဇူလိုင် ၆ရက်) ညနေ ၅နာရီ ၃၀ မိနစ်ဝန်းကျင် အခြေအနေကို ပြောပြသည်။

“စစ်ကောင်စီက အလောင်းဖျောက်လိုက်ပြီကြားတယ်။ အလောင်းပြန်မပေးနိူင်ရင်တော့ စစ်ကောင်စီမြွေကိုက်ပြီ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နယ်စပ်ရှိ စစ်​ကောင်စီရဲကင်းကိုအိန္ဒိယနိုင်ငံသားများကမီးရှိုဖျက်ဆီးလိုက်သည်။ ။ဓါတ်ပုံ-CJ
နယ်စပ်ရှိ စစ်​ကောင်စီရဲကင်းကိုအိန္ဒိယနိုင်ငံသားများကမီးရှိုဖျက်ဆီးလိုက်သည်။ ။ဓါတ်ပုံ-CJ

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်လိုက်သည့် ပျူစောထီးအဖွဲ့၏သတင်းလည်းပျောက်နေပြီး နှုတ်ပိတ်ခံရနိုင်ကြောင်းလည်း မြို့ခံများက သုံးသပ်နေကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။