Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူများသတ်လိုက်​သောအိန္ဒိယနိုင်ငံသားနှစ်ဦးအ​လောင်းပြန်မပို့​သေး၍မိုး​ရေးမြို့တွင်ဆန္ဒပြပြီး စစ်​ကောင်စီနယ်စပ်ရဲကင်းကိုမီးရှို့

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ
မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ

မြန်မာ-အန္ဒိယနယ်စပ်တမူးမြို့တွင် စစ်​ကောင်စီ​မွေးထား​သောပျူစောထီးအဖွဲ့က သတ်ဖြတ်လိုက်သည့် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီက ပြန်မပို့သေး၍ အိန္ဒိယနိုင်ငံမိုးရေးမြို့ ရှိအန္ဒိယနိုင်ငံသားဒေသခံများက ယ​နေ့တွင်ဆန္ဒထုတ်ဖော်နေကြပြီး စစ်​ကောင်စီ၏နယ်
စပ်ကင်းစခန်းကိုလည်း မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။

နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက ယမန်နေ့(ဇူလိုင် ၅ရက်)နေ့လယ် ၁ နာရီခန့်တွင်သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ရုပ်အလောင်းကို ၂၄ နာရီကျော်လာသည်အထိ ပြန်လွှဲမပေး၍အန္ဒိယနိုင်ငံ မိုးရေးမြို့ခံပြည်သူအများအပြားက ဆန္ဒထုတ်ဖော်နေကြောင်း နယ်စပ်ဒေသနေသူများကပြောသည်။

မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ
မိုး​ရေးမြို့တွင် အိန္ဒိယနိုင်ငံသားများဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-CJ

” အိန္ဒိယနိုင်ငံသားနှစ်ဦး အလောင်းကို ပြန်မလွှဲလို့ မိုရေးမှာ ပြဿနာအကြီးအကျယ်တက်နေပြီ။ ရဲစခန်းကိုဆန္ဒပြတယ်။ အာမီ(အိန္ဒိယစစ်တပ်)က လိုက်ထိန်းနေရတယ်။အခုထိဆန္ဒ
ပြနေကြတုန်း” ဟု ယနေ့(ဇူလိုင် ၆ရက်) ညနေ ၅နာရီ ၃၀ မိနစ်ဝန်းကျင် အခြေအနေကို ပြောပြသည်။

“စစ်ကောင်စီက အလောင်းဖျောက်လိုက်ပြီကြားတယ်။ အလောင်းပြန်မပေးနိူင်ရင်တော့ စစ်ကောင်စီမြွေကိုက်ပြီ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နယ်စပ်ရှိ စစ်​ကောင်စီရဲကင်းကိုအိန္ဒိယနိုင်ငံသားများကမီးရှိုဖျက်ဆီးလိုက်သည်။ ။ဓါတ်ပုံ-CJ
နယ်စပ်ရှိ စစ်​ကောင်စီရဲကင်းကိုအိန္ဒိယနိုင်ငံသားများကမီးရှိုဖျက်ဆီးလိုက်သည်။ ။ဓါတ်ပုံ-CJ

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်လိုက်သည့် ပျူစောထီးအဖွဲ့၏သတင်းလည်းပျောက်နေပြီး နှုတ်ပိတ်ခံရနိုင်ကြောင်းလည်း မြို့ခံများက သုံးသပ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။