Connect with us

Hi, what are you looking for?

သတင်း

မပေါက်ကွဲသေးသည့် စစ်ကောင်စီ၏ လေယာဉ်ဗုံးများကို မင်းတပ် CDF ရှင်းလင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Hkl-Mindat
ဓာတ်ပုံ - Hkl-Mindat

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့ကို လေကြောင်းမှ ဗုံးကြဲချခဲ့ရာ မပေါက်ကွဲပဲ ကျန်နေသည့် ဗုံးများကို မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မင်းတပ်ဒေသခံ တစ်ဦးက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

“အကြမ်းဖက် စကစ တပ်သားများမှ မင်းတပ်မြို့နယ်ထဲရှိ ရွာငယ်လေးကို တိုက်လေယာဉ် ၂စင်းသုံးပြီး ဗုံးမိုးရွာခဲ့စဉ် မပေါက်ကွဲသေးသည့် ဗုံးများကို CDF ပြည်သူ့ရဲဘော်များမှ အများပြည်သူ ဘေးကင်းအောင် တစ်စစီဖြုတ်ပြီး ဖယ်ရှားရှင်းလင်းကြတယ်လို့ သိရ” ဟု မင်းတပ် ဒေသခံက ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ကြီးမားသည့် ဗုံးအရွယ်အစားကို ကြည့်ရုံဖြင့် အပြစ်မဲ့ ပြည်သူများကို ရွာလုံးကျွတ် ပြုတ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု မြင်ကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။