Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မပေါက်ကွဲသေးသည့် စစ်ကောင်စီ၏ လေယာဉ်ဗုံးများကို မင်းတပ် CDF ရှင်းလင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Hkl-Mindat
ဓာတ်ပုံ - Hkl-Mindat

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့ကို လေကြောင်းမှ ဗုံးကြဲချခဲ့ရာ မပေါက်ကွဲပဲ ကျန်နေသည့် ဗုံးများကို မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မင်းတပ်ဒေသခံ တစ်ဦးက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

“အကြမ်းဖက် စကစ တပ်သားများမှ မင်းတပ်မြို့နယ်ထဲရှိ ရွာငယ်လေးကို တိုက်လေယာဉ် ၂စင်းသုံးပြီး ဗုံးမိုးရွာခဲ့စဉ် မပေါက်ကွဲသေးသည့် ဗုံးများကို CDF ပြည်သူ့ရဲဘော်များမှ အများပြည်သူ ဘေးကင်းအောင် တစ်စစီဖြုတ်ပြီး ဖယ်ရှားရှင်းလင်းကြတယ်လို့ သိရ” ဟု မင်းတပ် ဒေသခံက ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ကြီးမားသည့် ဗုံးအရွယ်အစားကို ကြည့်ရုံဖြင့် အပြစ်မဲ့ ပြည်သူများကို ရွာလုံးကျွတ် ပြုတ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု မြင်ကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။