Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်းမြို့ခံပြည်သူတစ်ဦးထပ်မံကျဆုံးခဲ့၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်း ၉၆၅ဦးအထိ ရှိလာ

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၁၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၃၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ် ဖလမ်းမြို့မှ အပြစ်မဲ့ပြည်သူတစ်ဦး ယနေ့ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်းမှာ ယနေ့အထိ ၉၆၅ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦးလည်းပါဝင်ကြောင်း အေအေပီပီက ဆိုသည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၁၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၃၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးဦး အနှစ်ပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထား ရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ၁၉၈၄ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

ယနေ့ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အတွင်း၌ရှိနေသော အသက် ၆၀ အရွယ်ရှိ Pi Ngeih Tling သည် ရင်ဘတ်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ (ဩဂုတ် ၉) နေ့လယ်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပိုက်သင်ကျေးရွာမှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်စန်းကိုအား အရပ်ဝတ်များ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးမှ ပိုက်သင်ကျေးရွာရှိ ကိုဗစ်စစ်ဆေးရေးဂိတ်၌ ဝင်ရောက်ဖမ်းဆီးစဉ် လွတ်မြောက်သွား၍ ရွာအတွင်းသို့ ပစ်ခတ်၍ ဝင်ရောက်လာခဲ့ပြီး နေအိမ်အတွင်းမှ လေးဂွကိုင်၍ ထွက်ကြည့်သည့် ဒေသခံရွာသား ကိုအောင်ဇေယျအား လေးဂွကိုင်ထားသည်ဟုဆိုကာ ကားပေါ်ကို ဆွဲတင်၍ ခေါ်ဆောင်သွားခဲ့သည်။ ရွာထိပ်ရှိ ရေကန်အနီး အရောက် တွင် ကိုအောင်ဇေယျကို ကားပေါ်မှ ဆင်းခိုင်းပြီး ကန်အတွင်းသို့ ပြေးခိုင်းခဲ့သည်။ ကိုအောင်ဇေယျပြေးနေစဉ် နောက်မှနေ၍ ပစ်ခတ်ခဲ့သည့်အတွက် ကိုအောင်ဇေယျသည် နောက်ကျောကျည်ဖောက်ထွက် ဒဏ်ရာဖြင့် နေရာ၌ပင် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦး၏အဆိုအရ ကြားသိရသည်ဟု ပါရှိသည်။

သြဂုတ်၇ ရက်နံနက်ပိုင်းတွင် သပြေကုန်းကျေးရွာရဲစခန်းမှ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာမှ ကိုဆန်းဝင်းသည် ပြင်းထန် ဒဏ်ရာများကြောင့် ယင်းနေ့ နေ့လယ် ၂ နာရီတွင် ဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြား လာသည်ဟု သိရှိရသည်။

ကိုဆန်းဝင်း၏ ရုပ်အလောင်း၌ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသည့် ဒဏ်ရာများကို တွေ့ရှိရသည်။ ကိုဆန်းဝင်းနှင့်အတူ သပြေကုန်းကျေးရွာမှ ကိုဝင်းထွန်းနှင့် ကိုအောင်မြင့်ဦးတို့လည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုနေ့တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယမန်နေ့ (သြဂုတ် ၉) နံနက်ပိုင်းတွင် ကိုဆန်းဝင်း၏ မိသားစုထံသို့ သပြေကုန်းအုပ်စုအပိုင် နယ်ထိန်းကျော်ကျော်မောင်နှင့် အရပ်ဝတ်တစ်ဦးတို့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ကြေအေးပေးရန်လာရောက်ညှိနှိုင်းခဲ့သည်ဟု သိရှိရသည်။ မိသားစုဝင်များမှ ကြေအေးပေးရန်အတွက် ညှိနှိုင်းခြင်းအား လက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။