Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့ခံပြည်သူတစ်ဦးထပ်မံကျဆုံးခဲ့၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်း ၉၆၅ဦးအထိ ရှိလာ

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၁၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၃၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ် ဖလမ်းမြို့မှ အပြစ်မဲ့ပြည်သူတစ်ဦး ယနေ့ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်းမှာ ယနေ့အထိ ၉၆၅ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦးလည်းပါဝင်ကြောင်း အေအေပီပီက ဆိုသည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၁၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၃၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးဦး အနှစ်ပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထား ရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ၁၉၈၄ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

ယနေ့ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အတွင်း၌ရှိနေသော အသက် ၆၀ အရွယ်ရှိ Pi Ngeih Tling သည် ရင်ဘတ်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ (ဩဂုတ် ၉) နေ့လယ်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပိုက်သင်ကျေးရွာမှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်စန်းကိုအား အရပ်ဝတ်များ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးမှ ပိုက်သင်ကျေးရွာရှိ ကိုဗစ်စစ်ဆေးရေးဂိတ်၌ ဝင်ရောက်ဖမ်းဆီးစဉ် လွတ်မြောက်သွား၍ ရွာအတွင်းသို့ ပစ်ခတ်၍ ဝင်ရောက်လာခဲ့ပြီး နေအိမ်အတွင်းမှ လေးဂွကိုင်၍ ထွက်ကြည့်သည့် ဒေသခံရွာသား ကိုအောင်ဇေယျအား လေးဂွကိုင်ထားသည်ဟုဆိုကာ ကားပေါ်ကို ဆွဲတင်၍ ခေါ်ဆောင်သွားခဲ့သည်။ ရွာထိပ်ရှိ ရေကန်အနီး အရောက် တွင် ကိုအောင်ဇေယျကို ကားပေါ်မှ ဆင်းခိုင်းပြီး ကန်အတွင်းသို့ ပြေးခိုင်းခဲ့သည်။ ကိုအောင်ဇေယျပြေးနေစဉ် နောက်မှနေ၍ ပစ်ခတ်ခဲ့သည့်အတွက် ကိုအောင်ဇေယျသည် နောက်ကျောကျည်ဖောက်ထွက် ဒဏ်ရာဖြင့် နေရာ၌ပင် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦး၏အဆိုအရ ကြားသိရသည်ဟု ပါရှိသည်။

သြဂုတ်၇ ရက်နံနက်ပိုင်းတွင် သပြေကုန်းကျေးရွာရဲစခန်းမှ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာမှ ကိုဆန်းဝင်းသည် ပြင်းထန် ဒဏ်ရာများကြောင့် ယင်းနေ့ နေ့လယ် ၂ နာရီတွင် ဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြား လာသည်ဟု သိရှိရသည်။

ကိုဆန်းဝင်း၏ ရုပ်အလောင်း၌ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသည့် ဒဏ်ရာများကို တွေ့ရှိရသည်။ ကိုဆန်းဝင်းနှင့်အတူ သပြေကုန်းကျေးရွာမှ ကိုဝင်းထွန်းနှင့် ကိုအောင်မြင့်ဦးတို့လည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုနေ့တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယမန်နေ့ (သြဂုတ် ၉) နံနက်ပိုင်းတွင် ကိုဆန်းဝင်း၏ မိသားစုထံသို့ သပြေကုန်းအုပ်စုအပိုင် နယ်ထိန်းကျော်ကျော်မောင်နှင့် အရပ်ဝတ်တစ်ဦးတို့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ကြေအေးပေးရန်လာရောက်ညှိနှိုင်းခဲ့သည်ဟု သိရှိရသည်။ မိသားစုဝင်များမှ ကြေအေးပေးရန်အတွက် ညှိနှိုင်းခြင်းအား လက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

သတင်း

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်ရာတွင် မြေပြင်ထိုးစစ်ကို ဝါရင့်တော်လှန်ရေးတပ်ဖွဲ့များ မပါဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန် ရေးကာလ၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်များမှ ရဲဘော်များဖြင့်သာဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူက အသိပေးသည်။

သတင်း

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

Facebook