Connect with us

Hi, what are you looking for?

သတင်း

အရာတော်-အရာတော်လမ်းပိုင်းအားသွားလာခြင်းမပြုရန်PDF မေတ္တာရပ်ခံ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

အရာတော်-မြင်းမူလမ်းပိုင်း
အရာတော်-မြင်းမူလမ်းပိုင်း

စစ်ကိုင်းတိုင်း၊အရာတော်-မြင်းမူလမ်းပိုင်းအားယနေ့နံနက်ပိုင်းမှစတင်ကာသွားလာခြင်းမပြုရန်အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမေတ္တာရပ်ခံသည်။

ယနေ့(ဇူလိုင်လ ၈ ရက်)နံနက်ပိုင်းတွင် အရာတော် – မြင်းမူလမ်းပေါ်ရှိ နမသင်း၊ သခွတ်ပင်လည်စသည့် ကျေးရွာများ အနီးတဝိုက်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်ကျေးရွာများအားအကြမ်းဖက်စီးနင်းဝင်ရောက်ပြီးစစ်ရေးလှုပ်ရှားလျက်ရှိကြောင်းအရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးသည်။

ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်အဆိုပါ အရာတော် – ထီးဆောင်း – မြင်းမူ လမ်းအား ထပ်မံကြေညာချက်မထုတ်ပြန်မချင်း အသုံးမပြုကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

အရာတော်ဒေသသည်အကြမ်းဖက်စစ်တပ်၏သတင်းအမှောင်ချ အင်တာနက် ဖြတ်တောက်ခံထားရသောကြောင့် ပြည်သူအချင်းချင်း သတင်းစကားပို့ပေးကြပါရန်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။