Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး အားလုံးပူးပေါင်းပြီး အစီအစဉ်တကျလုပ်ဆောင်နေဟု KIO ဥက္ကဋ္ဌပြော

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၏ ရည်မှန်း ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်း ရေးကို အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။
ကချင်အာဇာနည်နေ့အခမ်းအနားကို လိုင်ဇာ၌ ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ကချင်ဘာသာဖြင့် ဖတ်ကြားခဲ့သည်ဟု ကချင်ဒေသခံက ပြောသည်။

“နဂိုရ်ကတည်းက စစ်အာဏာရှင်ချေမှုန်းဖို့ သူတို့(KIO/KIA)စတင်ဖွဲ့စည်းလာတာကိုး။မပြီးပြတ်တဲ့ လုပ်ငန်း ပြီးပြတ်အောင်လူငယ်တွေအနေနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်းကို အားပေးတဲ့အနေနဲ့ ပြောတဲ့ မိန့်ခွန်းပါ။ အခုက အားလုံးက ပူးပေါင်းပြီးတော့မှ အာဏာရှင်ကို ဖြုတ်ချဖို့အတွက် အားလုံးပူးပေါင်းပြီးမှ စိတ်တူကိုယ်တူ လုပ်ဆောင်ကြဖို့အတွက် အားပေးတဲ့သဘောပါ” ဟု ၎င်းက KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းပါအကြောင်းအရာကို ပြောပြသည်။

ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းပါအချက်များကို ကချင်သတင်းဌာန KNGက ဖော်ပြခဲ့သည်။

“ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာ ပြည်သူ လူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုများ အစီစဉ်တကျ ပြုလုပ်နေပါတယ်”ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ကြောင်း KNGက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လမှစတင်၍ ကချင် ပြည်နယ်ရှိမြို့နယ်များ၌ စစ်ကောင်စီတပ်စခန်းများ၊ စစ်ယာဉ်တန်းများ၊ စစ်ကြောင်းများကို KIAက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ပြီး KIA က ဝင်ရောက်နေရာယူထားခဲ့သည်။ ထို့ပြင် စစ်ကိုင်း တိုင်းဒေသအချို့နှင့် ရှမ်းမြောက်ဒေသအချို့တွင်လည်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။