Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး အားလုံးပူးပေါင်းပြီး အစီအစဉ်တကျလုပ်ဆောင်နေဟု KIO ဥက္ကဋ္ဌပြော

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၏ ရည်မှန်း ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်း ရေးကို အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။
ကချင်အာဇာနည်နေ့အခမ်းအနားကို လိုင်ဇာ၌ ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ကချင်ဘာသာဖြင့် ဖတ်ကြားခဲ့သည်ဟု ကချင်ဒေသခံက ပြောသည်။

“နဂိုရ်ကတည်းက စစ်အာဏာရှင်ချေမှုန်းဖို့ သူတို့(KIO/KIA)စတင်ဖွဲ့စည်းလာတာကိုး။မပြီးပြတ်တဲ့ လုပ်ငန်း ပြီးပြတ်အောင်လူငယ်တွေအနေနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်းကို အားပေးတဲ့အနေနဲ့ ပြောတဲ့ မိန့်ခွန်းပါ။ အခုက အားလုံးက ပူးပေါင်းပြီးတော့မှ အာဏာရှင်ကို ဖြုတ်ချဖို့အတွက် အားလုံးပူးပေါင်းပြီးမှ စိတ်တူကိုယ်တူ လုပ်ဆောင်ကြဖို့အတွက် အားပေးတဲ့သဘောပါ” ဟု ၎င်းက KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းပါအကြောင်းအရာကို ပြောပြသည်။

ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းပါအချက်များကို ကချင်သတင်းဌာန KNGက ဖော်ပြခဲ့သည်။

“ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာ ပြည်သူ လူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုများ အစီစဉ်တကျ ပြုလုပ်နေပါတယ်”ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ကြောင်း KNGက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လမှစတင်၍ ကချင် ပြည်နယ်ရှိမြို့နယ်များ၌ စစ်ကောင်စီတပ်စခန်းများ၊ စစ်ယာဉ်တန်းများ၊ စစ်ကြောင်းများကို KIAက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ပြီး KIA က ဝင်ရောက်နေရာယူထားခဲ့သည်။ ထို့ပြင် စစ်ကိုင်း တိုင်းဒေသအချို့နှင့် ရှမ်းမြောက်ဒေသအချို့တွင်လည်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။