Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUGဝန်ကြီးဌာ၊ အုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်းပြီး စစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ဟု ထီးလင်းPDF အသိပေး

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ဓာတ်ပုံ - ထီးလင်းပြည်သူ့ကာ ကွယ်ရေးတပ်(PDF)
ဓာတ်ပုံ - ထီးလင်းပြည်သူ့ကာ ကွယ်ရေးတပ်(PDF)

စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ (ဇူလိုင် ၁၀ရက်)တွင် မှတ်တမ်းဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံနှင့် ထီးလင်းမြို့နယ်တာ၀န်ခံ ၊ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ People’s Defence Force – Htilin (YRPA)မှ Medical Teamအဖွဲ့၀င်များ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ဖော်ပြထားပြီး နေ့ရက်နှင့် နေရာတို့ကိုဖော်ပြမထားပေ။

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။