Connect with us

Hi, what are you looking for?

သတင်း

NUGဝန်ကြီးဌာ၊ အုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်းပြီး စစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ဟု ထီးလင်းPDF အသိပေး

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ဓာတ်ပုံ - ထီးလင်းပြည်သူ့ကာ ကွယ်ရေးတပ်(PDF)
ဓာတ်ပုံ - ထီးလင်းပြည်သူ့ကာ ကွယ်ရေးတပ်(PDF)

စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ (ဇူလိုင် ၁၀ရက်)တွင် မှတ်တမ်းဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံနှင့် ထီးလင်းမြို့နယ်တာ၀န်ခံ ၊ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ People’s Defence Force – Htilin (YRPA)မှ Medical Teamအဖွဲ့၀င်များ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ဖော်ပြထားပြီး နေ့ရက်နှင့် နေရာတို့ကိုဖော်ပြမထားပေ။

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။