Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ
ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံကရင်ဘက်လူမှုရေးရာအဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ လယ်ဒိုမြို့နယ် အင်းနက်ကျေးရွာအုပ်စုထဲမှာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေအခြေအနေကတော့ ဆက်ဖြစ်ဆဲပဲ။ ကျောက်ကြီးဘက်မှာ ဒီမနက် ၇ နာရီမှာတစ်ခါဖြစ်တယ်” လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ
ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ

ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ(၂၅) ရက်နေ့ကစပြီး KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေအပေါ် လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကြောင့် ကေအဲန်ယူ-ခလယ်လွီထူခရိုင်ထဲမှာ အရပ်သားပြည်သူတွေ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

“စစ်ဘေးရှောင်အခြေအနေတော့ တချို့ကတော့ အိုးပစ်အိမ်ပစ်ပေါ့ အိုးမဲ့အိမ်မဲ့ပေ့ါ။ လိုအပ်တဲ့ လက်ရှိအရေးပေါ်မိုးကာတွေနဲ့ပဲ မိုးပြီးတော့ တချို့တဝက်တွေနဲ့ အဲ့လိုပဲပေ့ါနော်။ လုံလောက်မှုတော့မရှိပါဘူး အဆင်ပြေသလိုတော့လျှောက်နေရတာပေ့ါ။ စစ်ရှောင်တွေကလည်း ဖြစ်နေတဲ့အပေါ်မှာတော့ မလာနိုင်ဘူးလေနော်။ အနီးနားတဝိုက်ကျေးရွာတွေလည်း တချို့နည်းနည်းအလှမ်းဝေးတဲ့ကျေးရွာတွေတော့ လုပ်ငန်းခွင်ထဲမှာဖြစ်လက်စလုပ်ငန်းတွေကို ပြန်လာကြည့်ရင်းနဲ့ ပြန်လာနေတယ် တချို့တဝက်တွေတော့ရှိတယ်။ ကလေးသူငယ် သက်ကြီးရွယ်အိုတွေတော့ ရှောင်နေရဆဲပဲ။ စားနပ်ရိက္ခာတော့ အဓိကလိုအပ်တယ်။ ဆေးဝါး အမိုးအကာတွေတော့ လိုနေတာပေ့ါ။ မြန်မာပြည်ရဲ့အခြေအနေက သိတဲ့အတိုင်းပဲပေ့ါနော်။ အောက်ခြေလူတန်းစားတွေရဲ့ ဘ၀နဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ဘ၀ကတော့ အပိုအလျှံဘယ်သွားရှိမလဲ။ ရှိနေတဲ့စစ်ပွဲအပေါ်မှာ အခြေခံပြီးတော့ အသက်ဘေးကိုပဲရအောင်ပြေးနေရတာဆိုတော့။ စစ်ရှောင်ဦးရေကတော့ လူသိန်းကျော်မှာရှိတယ်” လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာ ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။

ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ
ကျောက်ကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေအတွက်အကူညီလိုအပ်နေ

စစ်ဘေးရှောင်တွေအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ တခြားလူမှုအဖွဲ့အစည်းတွေက တတ်နိုင်တဲ့ဘက်ကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လုပ်ဆောင်ပေးနေပြီး ဒီလို စစ်ရှောင်တွေကိုသွားရောက်ကူညီရာမှာလည်း စစ်ကောင်စီတပ်ကြောင့် သွားလာရေးမှာ ခက်ခဲမှုတွေနဲ့ အသက်ဘေးအန္တရာယ်ပါ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၄)ရက်နေ့က ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေကို လိုက်ပါကူညီလုပ်ဆောင်နေတဲ့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

“အခုကတော့ အသက်ဘေးနဲ့ကြုံရတယ် နှစ်ဘက်ရဲ့ထိပ်တိုက်မှုတွေကလည်း ရှိတယ်လေနော်။ လမ်းပိုင်းပိတ်ဆို့မှုတွေ အများကြီးရှိတယ်ဆိုတဲ့အခါကျတော့ ခက်ခက်ခဲခဲထဲမှာပဲရှိနေတယ်” လို့ ဒေသတွင်းမှာ ကူညီလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့အခက်အခဲတွေအပေါ် ဒေသခံကရင်အရပ်ဘက် ပြောခွင့်ရသူတစ်ဦးက ပြောပြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။